အင်တာမိုင်ယာမီအသင်းနဲ့ ခြေစမ်းပွဲမှာ မက်ဆီ ပါဝင်ကစားခြင်း မရှိတဲ့အပေါ် ငွေပြန်အမ်းပေးဖို့ ဟောင်ကောင်ပရိသတ်တွေက တောင်းဆိုကြပါတယ်။
တနင်္ဂနွေနေ့က ဟောင်ကောင် အောစတားအသင်းနဲ့ ခြေစမ်းပွဲမှာ အင်တာမိုင်ယာမီ အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ မက်ဆီက ဒဏ်ရာအခြေအနေကြောင့် အရန်ခုံမှာပဲ ရှိနေခဲ့ပြီး လူစားဝင်ကစားခြင်း မရှိတဲ့အပေါ် ဟောင်ကောင် ပရိသတ်တွေက မိုင်ယာမီအသင်းကို အော်ဟစ် လှောင်ပြောင်ခဲ့ ကြတာပါ။
ဟောင်ကောင် ပရိသတ်တွေဟာ မက်ဆီ ကစားတာကို ကြည့်ရှုခွင့်ရဖို့ အမေရိကန်ဒေါ်လာ ၁၂၅ အကုန်အကျခံကာ လာရောက်အားပေးခဲ့ကြတာပါ။
ပရိသတ်အများစုကတော့ အင်တာမိုင်ယာမီ အသင်းဥက္ကဋ္ဌနဲ့ ပူးတွဲပိုင်ရှင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းကိုလည်း ဒေါသထွက်ခဲ့ကြပြီး ငွေပြန်အမ်းဖို့ တောင်းဆိုခဲ့ပါတယ်။
ဟောင်ကောင် အားကစားဝန်ကြီးကတော့ အင်တာမိုင်ယာမီနဲ့ ခြေစမ်းပွဲ သဘောတူညီချက်တွေထဲမှာ မက်ဆီကို အနည်းဆုံး ၄၅ မိနစ် ထည့်သွင်းကစားစေရမယ် ဆိုတဲ့အချက် ပါရှိကြောင်း ပြောသွားပါတယ်။
Photo-Reuters