Home
နိုင်ငံတကာ
မော်စကိုမြို့လယ် ဆန္ဒပြပွဲတွင် သတင်းထောက် အယောက် ၂၀ ခန့် ထိန်းသိမ်းခံရ
DVB
·
February 5, 2024
Moscow protest_05022024

ရုရှားနိုင်ငံ မော်စကိုမြို့လယ်မှာ ဖေဖော်ဝါရီ ၃ ရက်က ဆန္ဒပြပွဲအတွင်း ရဲတွေက သတင်းထောက် အယောက် ၂၀ လောက်ကို နာရီအတော်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောပါတယ်။

ယူကရိန်းနိုင်ငံတွင်း ရှေ့တန်းတွေကနေ သူတို့ယောက်ျားတွေကို ပြန်ခေါ်ပေးဖို့ ရုရှားစစ်သားတွေရဲ့ ဇနီးတွေက ဆန္ဒပြ တောင်းဆိုရင်း စီတန်းလှည့်လည်ခဲ့တာလို့လည်း ပြောပါတယ်။

မော်စကိုမြို့လယ်က ကရင်မလင်နန်းတော်ရဲ့ နံရံအရိပ်ထဲမှာ အမည်မသိ စစ်သားတဦးရဲ့ အုတ်ဂူပေါ်မှာ အနီရောင် ဇော်မွှားပန်းတွေ လာချထားတဲ့ အမျိုးသမီးတွေကို ရိုက်တာသတင်းဌာနက ဗီဒီယိုသတင်းထောက်တဦး အပါအဝင် သတင်းထောက်တွေက သတင်းရုပ်သံ ရိုက်ကူးခဲ့ကြတာပါ။

ရုရှားရဲတွေက စာနယ်ဇင်းအင်္ကျီဝတ်ထားတဲ့ အမျိုးသားသတင်းထောက် အယောက် ၂၀ လောက်ကို ဘတ်စ်ကားပေါ်တက်ခိုင်းပြီး ရဲစခန်းကို ခေါ်သွားခဲ့ကာ နာရီအနည်းငယ်အကြာမှာ သူတို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

“သတင်းသမားတွေဟာ ဘယ်နေရာမှာမဆို နှောင့်ယှက်ခံရမှာ၊ ထိခိုက်နစ်နာမှာကို မစိုးရိမ်ရဘဲ သတင်းတွေကို လွတ်လွတ်လပ်လပ် ပေးပို့နိုင်သင့်ပါတယ်။ ကျနော်တို့က သွန်မ်ပ်ဆင် ရိုက်တာ စည်းမျဉ်းနဲ့အညီ လွတ်လပ် ဘက်မလိုက်ဘဲ ယုံကြည်စိတ်ချရတဲ့ နည်းလမ်းနဲ့ ကမ္ဘာ့ဖြစ်ရပ်တွေကို လွှမ်းခြုံ အစီရင်ခံဖို့ ကတိပြုပါတယ်” လို့ ရိုက်တာသတင်းဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒီဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး မော်စကိုရဲတပ်ဖွဲ့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို  ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024