ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ နိုင်ငံအရှေ့တောင်ဘက်က ယူကရိန်းတပ်တွေဆီ သွားပြီး ဆုတံဆိပ်တွေ ပေးခဲ့တယ်လို့ သူ့ရုံးက ဖေဖော်ဝါရီ ၄ ရက်မှာ ကြေညာပါတယ်။
သူ့ရဲ့ ကျော်ကြားတဲ့ စစ်တပ်အကြီးအကဲကို မကြာမီ ရာထူးကနေ ထုတ်ပယ်နိုင်တယ်ဆိုတဲ့ ပြင်းထန်တဲ့သတင်းတွေ ထွက်နေချိန်မှာ ခုလိုသွားခဲ့တာပါ။
ဇလန်းစကီးဟာ တိုက်ပွဲလမ်းကြောင်းနားက ရိုဘော့တိုင်ရွာအနီး ယူကရိန်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေဆီကို သွားခဲ့တာလို့ သမ္မတရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သြဂုတ်လနှောင်းပိုင်းမှာ ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်အပြီး ရိုဘော့တိုင်းရွာရဲ့ အရှေ့တောင်ပိုင်းက လူနေရပ်ကွက်တွေ ရုရှားလက်ကနေ လွတ်မြောက်ခဲ့ပါတယ်။
ယူကရိန်းစစ်တပ်အကြီးအကဲ ဗလေရီ ဇာလွတ်ရှ်ညီရဲ့ ကံကြမ္မာအပေါ် မသေချာ ဖြစ်နေချိန်မှာ သမ္မတရဲ့ စစ်မြေပြင်ခရီးစဉ် ပေါ်ပေါက်ခဲ့တာပါ။
“သံမဏိဗိုလ်ချုပ်” လို့ လူသိများတဲ့ ဇာလွတ်ရှ်ညီဟာ အလွန်ရေပန်းစားပြီး ဇလန်းစကီးနဲ့ ပြဿနာအမြောက်အမြားအတွက် ထိပ်တိုက်တွေ့ခဲ့တာပါ။
သူ့ကိုဖြုတ်ချဖို့ လှုံ့ဆော်တာဟာ မိုင်ပေါင်း ၆၂၀ ကျော်တဲ့ ရုရှား-ယူကရိန်း နယ်စပ်မှာ လက်နက်ခဲယမ်းတွေ အကြီးအကျယ် သိုလှောင်ထားတဲ့ ရုရှားတပ်ဖွဲ့ကို တိုက်ပွဲဝင်နေတဲ့ ယူကရိန်းတပ်တွေကြား စိတ်ဓာတ်ကို ထိခိုက်နိုင်လောက်တယ်လို့ မီဒီယာတွေက သုံးသပ် ဖော်ပြနေကြပါတယ်။
Source/Photo-Reuters