မန်ယူနောက်ခံလူ မာတီနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေ ပြင်းထန်နိုင်တယ်လို့ မန်ယူနိုက်တက် အသင်းနည်းပြ အဲရစ် တန်ဟတ်ဂ်က ပြောသွားပါတယ်။
မာတီနက်ဇ်ဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတာ မကြာသေးပေမဲ့ ဝက်စ်ဟမ်းကို ၃ ဂိုးပြတ် အနိုင်ရတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရခဲ့လို့ လူစားလဲခံခဲ့ရတာပါ။
ဒူးဒဏ်ရာအခြေအနေကို အသေးစိတ်စစ်ဆေးပြီးမှ အတိအကျ ပြောပြနိုင်မှာဖြစ်ပေမဲ့ ပြင်းထန်တဲ့အခြေအနေ ဖြစ်နိုင်ကြောင်း၊ အရေးပါတဲ့ ကစားသမားဖြစ်လို့ သူ့အတွက်ကော၊ အသင်းအတွက်ပါ စိတ်ပျက်စရာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ကတော့ မာတီနက်ဇ်နဲ့ ကတ်စမီရိုတို့ ပြန်လည်ကစားနိုင်တာက မန်ယူနိုက်တက်အတွက် ပိုကောင်းသွားစေပြီး မာတီနက်ဇ်ရဲ့ ကစားပုံကြောင့် ဘောလုံး စတင်ပေးပို့မှုတွေမှာ အားသာချက်ရှိကြောင်း သုံးသပ်သွားပါတယ်။
မန်ယူပရိသတ်တွေကတော့ ဒဏ်ရာပြင်းထန်နိုင်ပြီး ရာသီကုန်အထိ အနားယူရမှာကို စိုးရိမ်ကြောင်း ဆိုရှယ်မီဒီယာတွေမှာ မှတ်ချက်ပေးကြပါတယ်။
Photo-Reuters