အာဆင်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို လီဗာပူးနည်းပြ ကလော့ပ်က ဝေဖန်သွားပါတယ်။
အဲဒီပွဲစဉ်မှာ နောက်ခံလူ ကိုနာတေးက ပွဲပြီးခါနီးမှာ နှစ်ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲချိန်အတွင်းမှာ ဒိုင်လူကြီး အန်တိုနီတေလာရဲ့ ဆုံးဖြတ်ချက်တွေဟာ အသင်းအတွက် အမြဲတမ်း ဆန့်ကျင်ခဲ့ပြီး မျှတမှုမရှိခဲ့ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
ဒီယေဂိုဂျိုတာကို နပန်းသတ်ခံရသလို ဖျက်ထုတ်ခံရပေမဲ့ အနီကတ်ပြသခြင်းမရှိကြောင်း၊ ဒါဝင်နူညက်ဇ်ကို ဂါဘရီရယ်ရဲ့ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့ပေမဲ့ အဝါကတ်တောင် မပြသခဲ့ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
အဲဒီဆုံးဖြတ်ချက်တွေဟာ ပွဲရဲ့အလှည့်အပြောင်း ဖြစ်လာနိုင်တာတွေဖြစ်ပြီး ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်ဖို့လိုအပ်ကြောင်း ကလော့ပ်က ဝေဖန်သွားပါတယ်။
စွမ်းဆောင်ရည်အရတော့ အာဆင်နယ်က အနိုင်ရလဒ်နဲ့ ထိုက်တန်ပြီး လီဗာပူးအသင်းသားတွေ အနေနဲ့ အမှားအယွင်းများခဲ့ကြောင်း နည်းပြကလော့ပ်က ပြောသွားပါတယ်။
Photo-Reuters