အခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို မန်စီးတီးအသင်းကပဲ ရယူနိုင်လိမ့်မယ်လို့ ဘောလုံးသုံးသပ်သူတွေဖြစ်တဲ့ နဗီးလ်၊ ရွိုင်ကိန်းနဲ့ ကာရေဂါတို့က သုံးသပ်သွားပါတယ်။
အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်အပြီးမှာ ချန်ပီယံဖြစ်နိုင်မယ့်အသင်းနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီးတွေက စကိုင်းစပေါ့ ရုပ်သံအစီအစဉ်မှာ သုံးသပ်ခဲ့ကြတာပါ။
လီဗာပူးကို အနိုင်ရခဲ့တာက အာဆင်နယ်အသင်းအတွက်ထက် မန်စီးတီးအတွက်က ပိုပြီး အကျိုးရှိကြောင်း ကာရေဂါက ပြောပါတယ်။
မန်စီးတီးမှာ ဒီဘရိုင်းနဲ့ ဟာလန်းတို့လို အမာခံတွေ ပြန်လည်ကစားနိုင်တာကလည်း အားတရပ်ဖြစ်စေတယ်လို့ ရွိုင်ကိန်းက ပြောပါတယ်။
နဗီးလ်ကတော့ မန်စီးတီးရဲ့ တိုက်စစ်အင်အားစုက အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေထက် ပိုမိုသာလွန်တာကြောင့်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
မန်စီးတီးဟာ လက်ကျန်နှစ်ပွဲစလုံး အနိုင်ရမယ်ဆိုရင် တမှတ်အသာနဲ့ အဆင့် ၁ နေရာကို တက်လှမ်းလာနိုင်မှာ ဖြစ်ပါတယ်။
Photo-Reuters