Home
နိုင်ငံတကာ
မြောက်အိုင်ယာလန်တွင် အိုင်းရစ်ရှ်အမျိုးသားရေးဝါဒီ ၁ ဦး ပထမဝန်ကြီး ဖြစ်လာ
DVB
·
February 4, 2024
WRAP: Irish nationalist appointed as First Minister in historic Northern Ireland shift

ဗြိတိန်ပြည်မနဲ့တွဲနေဖို့ လိုလားတဲ့ ပြည်ထောင်စုဝါဒီတွေပဲ လွှမ်းမိုးခဲ့တဲ့ မြောက်အိုင်ယာလန်ပြည်မှာ ပထမဆုံးအကြိမ်အဖြစ် အိုင်းရစ်ရှ် အမျိုးသားရေးဝါဒီတယောက်ကို ပြည်နယ်ဝန်ကြီးချုပ် ရာထူးနဲ့ သဘောတရားတူညီတဲ့ ပထမဝန်ကြီး (First Minister) အဖြစ် လွှတ်တော်က ဖေဖော်ဝါရီ ၃ ရက်မှာ ခန့်အပ်လိုက်ပါတယ်။

ဗြိတိန်ကခွဲထွက်ပြီး အိုင်ယာလန်နှစ်ပြည် ပေါင်းစည်းရေးလိုလားတဲ့ ဆင်းဖိန်းပါတီက မီရှဲလ်အိုနီးလ်ကို ပထမဝန်ကြီးအဖြစ် တင်မြှောက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

မြောက်အိုင်ယာလန်ဟာ အင်္ဂလန်ပြည်မ၊ စကော့တလန်ပြည်၊ ဝေလပြည် တို့နဲ့အတူ ဗြိတိန်ပြည်ထောင်စုဝင် ပြည်နယ်တခု ဖြစ်ပါတယ်။ အိုင်ယာလန်တောင်ပိုင်းကတော့ သီးခြားလွတ်လပ်တဲ့ အိုင်ယာလန်သမ္မတနိုင်ငံအဖြစ် တည်ရှိပါတယ်။ 

ဆင်းဖိန်းပါတီဟာ တချိန်က အိုင်ယာလန်တော်လှန်ရေးတပ်မတော် (IRA) ရဲ့ နိုင်ငံရေးအင်အားစု ဖြစ်ပြီး အရင်တုန်းကတော့ အိုင်ယာလန်မှာရော၊ မြောက်အိုင်ယာလန်မှာ မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုတွေမှာ မပါဝင်ခဲ့ပါဘူး။ အခုအခါမှာတော့ နှစ်ဖက်စလုံးမှာ လူကြိုက်အများဆုံး ပါတီတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ 

၂၀၂၂ ရွေးကောက်ပွဲမှာ မဲအများဆုံးရတဲ့  ပါတီကြီးနှစ်ခု ညှိလို့မရတဲ့အတွက် အစိုးရ ဖွဲ့မရခဲ့ဘဲ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပါတယ်။ 

ဆင်းဖိန်းရဲ့ နိုင်ငံရေးပြိုင်ဘက် ဒီမိုကရက်တစ်ပြည်ထောင်စုဝါဒီပါတီ (DUP) က အာဏာခွဲဝေရေး အစိုးရဖွဲ့ဖို့ကို ၂ နှစ်ကြာ သပိတ်မှောက်ခဲ့ထားတာ ဖြစ်ပါတယ်။ 

ဘရိန်ဇစ်အလွန် ကုန်သွယ်ရေးပြဿနာတွေနဲ့ ပတ်သက်လို့ ဗြိတိန်ဗဟိုအစိုးရက ဖြေလျှော့ပေးဖို့ သဘောတူညီခဲ့ပြီးမှာသာ သဘောတူညီခဲ့တာဖြစ်ပါတယ်။ 

သဘောတူညီချက်အရ ရာထူးအားဖြင့် တဆင့်နိမ့်ပေမဲ့ လုပ်ပိုင်ခွင့်တူညီတဲ့ ဒု-ပထမဝန်ကြီး (Deputy First Minister) ရာထူးကို DUP က အမ်မာ လစ်တဲလ်-ပန်ဂယ်လီက တာဝန်ယူမှာ ဖြစ်ပါတယ်။  

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024