Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲ အစ္စရေးနှင့် မဟာမိတ်များအတွက် အရှက်ရစေမည်ဟု ဟားမတ်စ်ပြော
DVB
·
February 4, 2024
Hamas says 120 day Gaza war a sign of shame on Israel and its allies

ဂါဇာမှာ ရက်ပေါင်း ၁၂၀ ကြာအောင် တိုက်နေတဲ့ စစ်ပွဲဟာ အစ္စရေးနဲ့ သူ့ရဲ့ မဟာမိတ်တွေအတွက် အရှက်ရစေမယ့် လက္ခဏာတရပ်ပဲလို့ ဟားမတ်စ်တာဝန်ရှိသူ အိုစမာဟန်ဒန်က  ဖေဖော်ဝါရီ ၃ ရက်မှာ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ကနေ ပြောလိုက်ပါတယ်။

ဒေသတွင်းမှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းရာမှာ ကူညီဆောင်ရွက်ပေးမှုအတွက် အီဂျစ်နဲ့ ကာတာနိုင်ငံတွေကို ကျေးဇူးတင်တယ်လို့လည်း ဟန်ဒန်က ပြောခဲ့ပါတယ်။

အီရတ်နှင့် ဆီးရီးယားတို့မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရတဲ့အပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ ပစ်မှတ် ၈၅ ခုကျော်ကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာမှာ  လူ ၄၀ နီးပါး သေဆုံး ခဲ့တာပါ။

တချိန်တည်းမှာပဲ အီဂျစ်နဲ့ ကာတာတို့နဲ့ ဆက်သွယ်ထားတဲ့ အစ္စရေးနဲ့ အမေရိကန် သူလျှိုအကြီးအကဲတွေက အရင်အပတ်က မူကြမ်းရေးဆွဲပေးထားတဲ့၊ စစ်ပွဲရဲ့ ပထမဆုံး သက်တမ်းတိုး အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အတွက် စေ့စပ်ညှိနှိုင်းသူတွေဟာ ဟားမတ်စ်တွေဆီက တုံ့ပြန်ချက်ကို စောင့်နေကြ ပါတယ်။

ဟားမတ်စ်ခေါင်းဆောင်တွေ အီဂျစ်မြို့တော် ကိုင်ရိုဆီ ဘယ်အချိန် ရောက်လာမလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024