အစ္စရေးနဲ့ ဟားမတ်စ်ပဋိပက္ခ ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့ပြီးတဲ့နောက်ပိုင်း ဂါဇာမှာဖြစ်ခဲ့တဲ့ အပြောင်းအလဲတချို့ကို ပြသထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ရိုက်ယူခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံ အများအပြားဟာ လူဦးရေထူထပ်တဲ့ ပါလက်စတိုင်းနယ်မြေအတွင်း လပေါင်းများစွာကြာအောင် လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် ဂါဇာကမ်းမြောင်က နယ်မြေ အသီးသီးမှာ ပျက်စီးခဲ့တာတွေကို ပြထားပါတယ်။
အစ္စရေးတောင်ပိုင်းမှာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးရဲ့ ချေမှုန်းမှုကြောင့် ပါလက်စတိုင်း အယောက် ၂၇,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမတ်စ်တို့ ကြီးမှူးတဲ့ နယ်မြေထဲက ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ၊ ပစ်ခတ်ဖြိုခွင်းမှုတွေဟာ အရပ်ဘက် အခြေခံအဆောက်အအုံတွေအပါအဝင် မြို့တွင်းက ခရိုင်တခုလုံးကို ပျက်စီးစေခဲ့တာပါ။
ဂါဇာကမ်းမြောင်ဒေသက လူ ၂ ဒသမ ၃ သန်းရဲ့ ထက်ဝက်ကျော်ဟာ ရာဖာဒေသမှာ ခိုလှုံနေကြပြီး အဓိကအားဖြင့် အအေးဒဏ်နဲ့ ဆာလောင်မွတ်သိပ်မှုကို ခံစားနေရကာ သူတို့ဟာ ယာယီတဲတွေနဲ့ အများပိုင် အဆောက်အဦတွေမှာ ခိုလှုံနေကြရပါတယ်။
Source/Photo-Reuters