မြောက်ကိုရီးယားနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ ဖေဖော်ဝါရီ ၂ ရက်က ခရုဇ်ဒုံးကျည်တွေနဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် အသစ်တွေကို စမ်းသပ်ပစ်လွှတ်နေတဲ့ ဓာတ်ပုံတွေကို နိုင်ငံပိုင်မီဒီယာ KCNA က ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်လိုက်ပြီး ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ လက်နက်အများအပြားကို တချိန်တည်း တပြိုင်တည်းမှာ ပစ်လွှတ်နိုင်စွမ်းကို အတည်ပြုခဲ့ပါတယ်။
မနေ့က ဒုံးကျည်ပစ်လွှတ်မှုဟာ ပြုံယမ်း (ဖြောင်းယန်း) မှာ ဒီလိုဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တဲ့ သီတင်းတပတ်ကျော်ကာလအတွင်း စတုတ္ထအကြိမ်ဖြစ်ပါတယ်။
ဒီစမ်းသပ်ပစ်ခတ်မှုတွေဟာ အထွေထွေညွှန်ကြားရေးမှူးရုံးနဲ့ ကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့ရဲ့ စီရင်ပိုင်ခွင့်အောက်ရှိ ပုံမှန်လုပ်ဆောင်မှုတွေထဲက တစိတ်တပိုင်းဖြစ်ပြီး လက်နက်သစ်တွေရဲ့ လုပ်ငန်းဆောင်တာတွေ၊ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက် စတဲ့ ကဏ္ဍမျိုးစုံမှာ လက်နက်စနစ်သစ်တွေရဲ့ နည်းပညာကို မြှင့်တင်ဖို့ဖြစ်ကြောင်းနဲ့ ဒေသ အခြေအနေ နဲ့ မသက်ဆိုင်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က သူ့ရဲ့၀က်ဘ်ဆိုဒ်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
KCNA ဟာ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုတွေ လုပ်ဆောင်အပြီး တရက်အကြာမှာ သူတို့ရဲ့ ဒုံးကျည်စမ်းသပ်မှုတွေအပေါ် မှတ်ချက်ပေးလေ့ရှိပါတယ်။
Source/Photo - Reuters