ကျူးဘားနိုင်ငံမှာ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ ၁ ရက်အတွက် စီစဉ်ထားတဲ့ ဓာတ်ဆီ ဈေးဟာ ၅ ဆ အထိ တိုးမြင့်လာမှုကြောင့် ရပ်တန့်ထားရကြောင်း စီးပွားရေးဒုဝန်ကြီး မစ်လ်ဒရီ ဂရန်းနာဒိလိုက ဇန်နဝါရီ ၃၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
လောင်စာဆီရောင်းချခြင်းဆိုင်ရာ ကွန်ပျူတာစနစ်တွေအတွင်း ဆိုက်ဘာလုံခြုံရေး ဖြစ်ရပ်တခု ပေါ်ပေါက်လာခဲ့ပြီး ဒီဖြစ်ရပ်တွေက မူလအစဟာ ပြည်ပက ဗိုင်းရပ်စ်ကြောင့်လို့ ဖော်ထုတ် တွေ့ရှိထားတယ်လို့လည်း စီးပွားရေးဒုဝန်ကြီး ဂရန်းနာဒိလိုက ပြောပါတယ်။
လောင်စာဆီဈေးနှုန်းတွေကို အပ်ဒိတ်လုပ်ခြင်းနဲ့ နိုင်ငံခြားငွေနဲ့ ရောင်းချမယ့် ဆိုင်ခွဲတွေရဲ့ ကွန်ရက်ထဲက မားကက်တင်းအပိုင်းတွေကို ခဏရပ်နားထားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ဆိုပါတယ်။
လောင်စာဆီဟာ လက်ရှိဈေးနှုန်းအတိုင်းသာ ရှိနေမှာဖြစ်ကြောင်း အစိုးရပိုင် တီဗီမှာ နေ့လယ်ပိုင်း သတင်းထုတ်လွှင့်မှု အစီအစဉ်ရဲ့ နောက်ဆုံးမိနစ်မှာ သူက ပြောကြားသွားပါတယ်။
ကျူးဘားနိုင်ငံဟာ ဒီဇင်ဘာလနှောင်းပိုင်းမှာ လောင်စာဆီဈေးနှုန်းနဲ့ အများသူငှာ သယ်ယူပို့ဆောင်ရေး စရိတ်တွေ မြင့်တက်ခြင်း အပါအဝင် အစီအမံတွေကို ဆက်တိုက် ကြေညာခဲ့ပါတယ်။
ဝေဖန်သူတွေကတော့ ငွေကြေးဖောင်းပွမှု၊ အချိန်အခါ မကိုက်ညီမှုနဲ့ ပြည်တွင်းထုတ်လုပ်မှုအတွက် မက်လုံးပေးတာမျိုး ကင်းမဲ့နေမှုတွေကို ထောက်ပြခဲ့ကြပါတယ်။
Source/Photo - Reuters