ဒီကနေ့မနက်ပိုင်းက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်ယူအသင်းက လူငယ်ကွင်းလယ် ကြယ်ပွင့် မိန်နူးရဲ့ ပွဲပြီးခါနီးသွင်းဂိုးနဲ့ နိုင်ပွဲပြန်လည်ရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့တဲ့မန်ယူအသင်းဟာ ဝုဗ်အသင်းနဲ့ပွဲမှာ ဖိဖိစီးစီး ကစားသွားခဲ့ပြီး ပွဲအစ ၂၂ မိနစ်အတွင်းမှာပဲ ရပ်ရှ်ဖို့ဒ်နဲ့ ဟွိုက်လန်းတို့က ၂ ဂိုး ဆက်တိုက်သွင်းယူခဲ့တာပါ။
ဒုတိယပိုင်း ၇၁ မိနစ်မှာ ချေပဂိုးပေး လိုက်ရပေမဲ့ ပွဲချိန် ၇၅ မိနစ်မှာ မက်တွန်မီနေးက တတိယမြောက်ဦးဆောင်ဂိုး ပြန်သွင်းပါတယ်။
အဲဒီ နောက် ပွဲချိန် ၈၅ မိနစ်နဲ့ ၉၅ မိနစ်တွေမှာ ဝုဗ်အသင်းဘက်က ချေပဂိုးတွေသွင်းပြီး ၃ ဂိုး စီသရေနဲ့ ပွဲပြီးတော့မလိုဖြစ်ခဲ့တာပါ။
ဒါပေမဲ့ ပွဲချိန် ၉၇ မိနစ်အရောက်မှာ လူငယ်ကွင်းလယ်လူ မိန်နူးက ဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့လို့ ၄ ဂိုး ၃ ဂိုးနဲ့ နိုင်ပွဲပြန်လည်ရရှိခဲ့တာပါ။
ဒီနိုင်ပွဲနဲ့အတူ မန်ယူအသင်းက ပွဲစဉ် ၂၂ ပွဲအပြီးမှာ အဆင့် ၇ နေရာမှာရပ်တည်နေပါတယ်။ တခြားပွဲစဉ်မှာတော့ ဝက်စ်ဟမ်းနဲ့ ဘုန်းမောက်အသင်းတို့ တဖက်တဂိုးစီသရေကျခဲ့ပါတယ်။
Photo-Reuters