ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ်မြို့မှာ ဇန်နဝါရီ ၃၁ ရက်က ရုရှား ဗုံးနဲ့တိုက်ခိုက်မှုကြောင့် ဆေးရုံတရုံ ထိမှန်သွားခဲ့ပြီးနောက် ယူကရိန်းတာဝန်ရှိသူတွေဟာ ထိခိုက်ပျက်စီးမှုတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြခဲ့ပါတယ်။
တင်ထားတဲ့ ဓာတ်ပုံတွေမှာ ဆေးရုံပြတင်းပေါက်တွေ အားလုံးနီးပါး ကွဲကြေနေပြီး အပြင်ဘက်လမ်းမှာ အပျက်အစီးတွေ အမှိုက်တွေ ပြန့်ကျဲနေတာကိုလည်း တွေ့ရပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဗဲလစ်ကီး ဘာလွတ်ခ် မြို့မှာ တိုက်ခိုက်မှုအပြီး လူ ၄ ဦး ဒဏ်ရာရခဲ့ပြီး ၃၈ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားရဲတပ်ဖွဲ့ရဲ့ ခါကိဗ်ဒေသဆိုင်ရာဌာနခွဲ အကြီးအကဲ ဗိုလိုဒီမီယာ တိုင်မော့ရှ်ကိုက ဒေသစံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်မှာ ဆေးရုံကို ဗုံးတလုံး တိုက်ရိုက်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် ဒုတိယဗုံးတလုံးလည်း အနီးနား ကျရောက်ခဲ့ပါတယ်။
ရိုက်တာကတော့ ဓာတ်ပုံတွေကို ရိုက်ကူးတဲ့ တည်နေရာနဲ့ ရက်စွဲတွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
Source/Photo-Reuters