ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ဘရိုဂျာကို ဖူဟမ်အသင်းဆီ အငှားချဖို့ သဘောတူညီလိုက် ပါတယ်။
အယ်လ်ဘေးနီးယားတိုက်စစ်မှူးကို အငှားချထားရာကနေ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး အများဆုံးအနေနဲ့ ပေါင် ၄ သန်းရရှိမှာပါ။
ချဲလ်ဆီးဟာ ဘရိုဂျာအတွက် ပေါင်သန်း ၅၀ နဲ့ အပြီး သတ်ရောင်းချလိုပေမဲ့ အငှားကမ်းလှမ်းမှုသာ ရရှိခဲ့တာကြောင့် တရာသီအငှားချခဲ့တာပါ။
ဘရိုဂျာဟာ ဒူးဒဏ်ရာကြောင့် တနှစ်နီးပါးအနားယူခဲ့ရသူဖြစ်ပြီး အခုနှစ်ရာသီမှာ ပြန်လည်ကစားနိုင်ခဲ့တာပါ။
ချဲလ်ဆီးနဲ့ စုစုပေါင်း ၁၉ ပွဲမှာ ၂ ဂိုးသွင်းယူထားပါတယ်။ ချဲလ်ဆီးဟာ ဘရိုဂျာရဲ့နေရာအတွက် တခြားနာမည်ကြီး တိုက်စစ်မှူး တဦးနဲ့ အစားထိုးဖို့ရှိပါတယ်။
Photo-Reuters