ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ကိုက်ညီဖို့အတွက် အသင်းရှိကစားသမားတချို့ကို ရောင်းချ သွားရမှာဖြစ်ကြောင်း နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ဝန်ခံသွားပါတယ်။
တောင်ပံတိုက်စစ်မှူး အယ်မီရွန်ကို ဆော်ဒီကလပ် အယ်လ်ရှာဘက်အသင်းဆီ ရောင်းချသွားဖို့ ဆွေးနွေးနေသလို တိုက်စစ်မှူး ဝီလ်ဆင်ကိုလည်း သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရမယ်ဆိုရင် ရောင်းချသွားဖို့ နယူးကာဆယ်အသင်းက စီစဉ်ထားတာပါ။
နည်းပြတယောက်အနေနဲ့ အသင်းရဲ့လူစာရင်းကို အတောင့်တင်းဆုံးဖြစ်နေဖို့ ဆန္ဒရှိပေမဲ့ အသင်းရဲ့အနာဂတ်အတွက်၊ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီမှုရှိဖို့အတွက် ကစားသမား ရောင်းချရမှာကို သိရှိနားလည်ကြောင်း အက်ဒီဟောင်းကပြောပါတယ်။
“ကျနော်တို့ အနေနဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို မချိုးဖောက်ချင်ပါဘူး။ အသင်းရဲ့အနာဂတ်အတွက်နဲ့ ရေရှည်အကျိုးစီးပွားအတွက် ဆုံးဖြတ်ချက်တွေကို ထောက်ခံအားပေးသွားရမှာဖြစ်တယ်” လို့ နည်းပြအက်ဒီ ဟောက်ကပြောပါတယ်။
နယူးကာဆယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လိဂ်ဖလားပြိုင်ပွဲတွေ ကနေထွက်ခွါခဲ့ရပြီးနောက် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲနှစ်ရပ်ပဲ ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။
Photo-Reuters