Home
အားကစား
ဘာစီလိုနာနှင့်  အပြောင်းအရွှေ့သတင်းမဟုတ်မှန်ဟု နည်းပြအာတီတာ ရှင်းလင်း
DVB
·
January 30, 2024
Arteta world 3012024

ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေဟာ သတင်းမှားတွေသာဖြစ်ကြောင်း အာဆင်နယ် နည်းပြအာတီတာက ရှင်းလင်းပြောကြားလိုက် ပါတယ်။

စပိန်နဲ့ အင်္ဂလန်မီဒီယာတချို့ရဲ့ ခန့်မှန်းရေးသားမှုတွေမှာ နည်းပြအာတီတာဟာ အသင်းဟောင်း ဘာစီလိုနာကို ကိုင်တွယ်ဖို့ အခုနှစ်ရာသီအကုန်မှာ အာဆင်နယ်ကနေ ထွက်ခွါဖို့ အဆင်သင့်ရှိနေကြောင်း ဖော်ပြခဲ့ကြတာပါ။

နည်းပြအာတီတာကတော့ အဲဒီသတင်းတွေအပေါ် စိတ်ပျက်ဝမ်းနည်းမိပြီး သတင်းမှားတွေသာ ဖြစ်ကြောင်း၊ သူဟာ မှန်ကန်တဲ့အသင်း၊ မှန်ကန်တဲ့လူတွေရှိတဲ့နေရာမှာ ရှိနေတာဖြစ်ပြီး အာဆင်နယ်အသင်းနဲ့အတူ ရှေ့ဆက် လုပ်ဆောင်စရာတွေအများကြီးကျန်ရှိနေသေးကြောင်း ပြောပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီဟာ ရာသီကုန်မှာအသင်းကနေ ထွက်ခွါမယ့် အခြေအနေကြောင်း နည်းပြသစ်လျာထားစာရင်းမှာ အာတေတာလည်း ပါဝင်နေတာပါ။

စပိန်နည်းပြအာတီတာဟာ  အာဆင်နယ်နဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ် ထားပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024