Home
နိုင်ငံတကာ
အစ္စရေးနှင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့တို့ အပြန်အလှန်တိုက်ခိုက် 
DVB
·
January 29, 2024
Smoke plumes and explosion heard over Israel Lebanon border area

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာအဖွဲ့တို့ ဇန်နဝါရီ ၂၇ ရက်က အပြန်အလှန် ပစ်ခတ်ကြလို့ အစ္စရေးနိုင်ငံမြောက်ပိုင်းက လက်ဘနွန်နယ်စပ်နားမှာ လေထဲ မီးခိုးတွေ တက်လာပြီး ပေါက်ကွဲသံတွေကို ကြားနေရပါတယ်။ 

အစ္စရေးနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ အချက်ပေးဥသြသံတွေ မြည်လာတယ်လို့ အစ္စရေး စစ်တပ်က ပြောပေမယ့် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။ 

အောက်တိုဘာ ၇ ရက်က ဂါဇာ ကမ်းမြောင်ဒေသက ဟားမတ်စ်တွေက အစ္စရေးကို တိုက်ခိုက်ခဲ့ ပြီးတဲ့နောက် အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့  ဒေသတဝိုက်မှာ ပဋိပက္ခတွေ စဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာတို့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။ 

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား တိုက်ပွဲဟာ ၂၀၀၆ ခုနှစ် စစ်ပွဲနောက်ပိုင်း အဆိုးရွားဆုံး ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024