မန်ယူအသင်းဟာ ဒီကနေ့ မနက်ပိုင်းက လိဂ်တူးကလပ် နယူးပေါ့သ်ကောင်တီအသင်းနဲ့ အက်ဖ်အေဖလား ရှုံးထွက်ပွဲစဉ် ယှဉ်ပြိုင်ခဲ့ပြီး ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲမတိုင်ခင်တရက်အလိုမှာ နိုက်ကလပ်သွားခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုတော့ မန်ယူနည်းပြအဲရစ်တန်ဟတ်ဂ်က အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ချန်လှပ်ခဲ့တာဖြစ်ပြီး အသင်းရဲ့ အတွင်းရေးကိစ္စကို အဆင်ပြေအောင် ကိုင်တွယ်သွားမယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ကြာသပတေးညပိုင်းက သူငယ်ချင်းတွေနဲ့အတူ နိုက်ကလပ်တခုမှာ ပျော် ပါးခဲ့ပြီး သောကြောနေ့မနက်ပိုင်း လေ့ကျင့်ရေးအစီအစဉ်မှာ ဖျားနာတဲ့အကြောင်းပြချက်နဲ့ ပျက်ကွက်ခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဖျားနာတဲ့ဝေဒနာကြောင့် လေ့ကျင့်ရေးမဆင်းခဲ့တာလို့ သတင်းပို့ခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က အတည်ပြုပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ပြိုင်ဘက် မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် မွေးနေ့ပွဲ ဆင်နွှဲခဲ့သလို အသင်းရဲ့အစည်းအဝေးကို နောက်ကျခဲ့တာကြောင့်လည်း ဝုဗ်နဲ့ပွဲစဉ်မှာ ချန်လှပ်ခံခဲ့ရဖူးပါတယ်။
Photo - REUTERS/Phil Noble