Home
မြန်မာသတင်း
မလေးရှားတွင် မြေပြိုပြီးပိသွားသည့် မြန်မာနိုင်ငံသား ၅ ဦး အလောင်းပြန်တွေ့
DVB
·
January 28, 2024
Malaysia fail ground Myanmar 5 dead_28012024

မလေးရှားနိုင်ငံက မြေပြိုတာမှာ ပိသွားတဲ့ မြန်မာနိုင်ငံသား ၅ ယောက်လုံးရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီ ၂၇ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ HCC Highland Chin Community ဆီက သိရပါတယ်။

မလေးရှားနိုင်ငံ၊ ကာမရိုဟိုင်လဲန်း၊ ကန်ပုံရမ်ဂျာမြို့ စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေတုန်း ဇန်နဝါရီ ၂၅ ရက်နေ့၊ ည ၈ နာရီမှာ မြေပြိုခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းကတည်းက မလေးရှား အာဏာပိုင်တွေနဲ့ ပရဟိတအဖွဲ့တွေက ရှာဖွေမှုတွေ ဆက်တိုက်လုပ်ခဲ့ပေမဲ့ အမျိုးသား ၂ ယောက်ရဲ့ အလောင်းကိုပဲ တွေ့ရှိခဲ့ပြီး ၂၇ ရက် မနက်ပိုင်းမှာ အမျိုးသား ၁ ယောက်၊ ညနေပိုင်းမှာ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ရဲ့ အလောင်းတွေကို ပြန်လည် တွေ့ရှိခဲ့တာလို့ သိရပါတယ်။

သေဆုံးသူတွေဟာ ဦးရှိန်းလောဟာ၊ ဦးဟာဖေ၊ ကိုကီးရှိန်အွမ်၊ ကိုထန်းမောင်း၊ ဒေါ်အွမ်းမြူးတို့ ဖြစ်ကြပါတယ်။

HCC Highland Chin Community တာဝန်ရှိသူတယောက်က “မြေပြိုတာက မိုးရွာလို့ပေါ့။ မလေးရှားမှာ အခုရက်တွေ ညနေပိုင်း မိုးက အရမ်းရွာတယ်။ မိုးတွေ အရမ်းသည်းတော့ တောင်စောင်းမှာ မြေပြိုပြီး မြေပြင်မှာရှိနေသူတွေကို မြေစာက ဆွဲပြီးတော့မှ ဖုံးသွားတာပေါ့” လို့ ပြောပါတယ်။

သေဆုံးသူတွေဟာ မိသားစုတွေဖြစ်ကြပြီး ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024