အွန်လိုင်းပေါ်မှာ ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်ရဲ့ ပုံအတုတွေ ပေါ်လာလို့ တုန်လှုပ်ချောက်ချားခဲ့ရတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ဇန်နဝါရီ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။
သတင်းမှားတွေ ပျံ့နှံ့ခြင်းကနေ ကာကွယ်ဖို့ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါနေတယ်လို့လဲ ပြောခဲ့ပါတယ်။
အခုသီတင်းပတ်အတွင်း X လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တဲ့ ပုံတပုံအပါအဝင် တေလာဆွစ်ဖ်ရဲ့ လိင်ပိုင်းဆိုင်ရာ ပွင့်ပွင့်လင်းလင်း အသားပေးထားတဲ့ ပုံတွေ ပျံ့နှံ့ခဲ့တာပါ။
အကောင့်ကို မရပ်ဆိုင်းမီ ကြည့်ရှုမှုအကြိမ်ရေ ၄၇ သန်းရှိခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“ဒါက အရမ်းကြောက်စရာကောင်းတယ်။ ဒါကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့ ကျနော်တို့ တတ်နိုင်သလောက် လုပ်သွားမှာပါ” လို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေး အတွင်းဝန် ကာရင်းမ် ယွန်းပြဲက ပြောပါတယ်။
ဉာဏ်ရည်တု (AI) က ဖန်တီးထားတဲ့ ဓာတ်ပုံအတုတွေကို တင်းတင်းကြပ်ကြပ် ဆန့်ကျင်မှု လျော့ရဲခြင်းဟာ အမျိုးသမီးတွေအပေါ် မကြာခဏဆိုသလို အချိုးမညီမမျှဘဲ သက်ရောက်မှုရှိတယ်လို့ ယွန်းပြဲက ပြောပါတယ်။
“ဒါကြောင့် ဆိုရှယ်မီဒီယာကုမ္ပဏီတွေဟာ အကြောင်းအရာစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ ဆုံးဖြတ်ချက်တွေ ချနေချိန်မှာ၊ သတင်းမှားတွေ မပြန့်ပွားအောင် ကာကွယ်ဖို့၊ သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေကို လိုက်နာကျင့်သုံးဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ယုံကြည်ပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။
Source/Photo - Reuters