လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ရဲ့ လက်ကျန်ကာလအဖြစ်အပျက်တွေကို မှတ်တမ်းရုပ်ရှင် ရိုက် ကူးသွားမယ်လို့သိရပါတယ်။
တီဗီရုပ်သံရိုက်ကူးရေးအဖွဲ့တဖွဲ့ဟာ လီဗာပူးအသင်းရဲ့လက်ကျန် ပွဲစဉ်တွေမှာ နောက်ကွယ်က ဖြစ်ရပ်တွေနဲ့ နည်းပြယာဂန်ကလော့ပ်ရဲ့ အသင်းအပေါ် ဦးဆောင်မှုတွေကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးသွားမှာပါ။
နည်းပြကလော့ပ်ဟာ အရင်နှစ်တွေတုန်းကလည်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရဖူးပေမဲ့ ပယ်ချထားခဲ့တာပါ။
ဒါပေမဲ့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးနောက်မှာတော့ နောက်ဆုံးနှုတ်ဆက်မှုအနေနဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူဖို့ သဘောတူ ခွင့်ပြုခဲ့တာပါ။
လီဗာပူးအသင်းဟာ ၂၀၁၂ ခုနှစ်က နည်းပြ ဘရန်ဒန်ရော်ဂျာလက်ထက်မှာ မှတ်တမ်းရုပ်ရှင် တခု ရိုက်ကူးခဲ့ဖူးပါတယ်။
မန်စီးတီး၊ အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ တရာသီစာ နောက်ကွယ်က ဖြစ်ရပ်တွေကို ရိုက်ကူထားတဲ့ မှတ်တမ်းရုပ်ရှင်တွေဟာလည်း ပရိသတ်တွေကြားမှာ လူကြိုက်များခဲ့ပါတယ်။
Photo-REUTERS/Dylan Martinez