ဒေါသထွက်နေတဲ့ ပြင်သစ်နဲ့ ဂျာမန်လယ်သမားတွေဟာ သူတို့နိုင်ငံတွေရဲ့ မြို့တော်တွေမှာ ဇန်နဝါရီ ၂၆ ရက်က အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။
ဂျာမန်လယ်သမားတွေဟာ သူတို့ရဲ့ လယ်ထွန်စက်တွေနဲ့အတူ စိုက်ပျိုးရေး ဒီဇယ်ထောက်ပံ့ကြေး တွေ ဖြတ်တောက်တာကို ဆန့်ကျင်ကန့်ကွက်ကြပြီး မြို့တော်ဘာလင်က ပူးတွဲအုပ်ချုပ်သူ Green ပါတီရဲ့ ဌာနချုပ် အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအပြီး သီတင်းပတ် တပတ်အကြာမှာ ဂျာမနီအစိုးရဆီက ငွေကြေးနဲ့ ဗျူရိုကရေစီ သက်သာခွင့်တွေကို တောင်းဆိုဖို့ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းက ဆန္ဒပြသူတွေနဲ့ လယ်သမားတွေ အတူတကွ ဆန္ဒပြခဲ့ကြပါတယ်။
ဂျာမန်အဓိပတိ အောလော့ဖ် ရွှိုက်ဇ်ဟာ လယ်သမားတွေအပေါ် ဗျူရိုကရေစီဆိုင်ရာ လိုအပ်ချက် တွေကို ဖျက်သိမ်းဖို့ အရင်အပတ်က ကတိပေးခဲ့ပေမဲ့ စိုက်ပျိုးရေး ထောက်ပံ့ကြေးတွေ လျှော့ချ ဖြတ်တောက်မယ့် အစီအစဉ်အပေါ် မသက်ရောက်ခဲ့ပါဘူး။
ပြင်သစ်လယ်သမားတွေကတော့ နိုင်ငံမြောက်ပိုင်းက လီလီမြို့နဲ့ ပါရီမြို့တော်ကို ဆက်သွယ် ထားတဲ့ အဓိကကားလမ်းကို ဇန်နဝါရီ ၂၆ ရက်က ပိတ်ဆို့ ဆန္ဒပြနေတာပါ။
လယ်သမားသမဂ္ဂတွေဟာ အစားအစာ စျေးနှုန်း ချိုသာမှုနဲ့ အလွန်အကျွံ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရက လုံလုံလောက်လောက် မကူညီနိုင်ဘူးလို့ စွပ်စွဲရင်း အစိုးရကို ဖိအားပေးဖို့ ပဲရစ်မြို့တဝိုက်မှာ လမ်းတွေကို အရှိန်မြှင့် ပိတ်ဆို့ထားဖို့ သောကြာနေ့က တောင်းဆိုခဲ့ပါတယ်။
ပြင်သစ်အစိုးရက စိုက်ပျိုးရေး ဒီဇယ်အတွက် နိုင်ငံတော် ထောက်ပံ့ကြေးတွေကို တဖြည်းဖြည်း လျှော့ချမယ့် အစီအစဉ်တွေကို ပြန်ရုပ်သိမ်းကြောင်း သောကြာ နှောင်းပိုင်းမှာ ကြေညာလိုက် ပါတယ်။
ဒါပေမယ့် ပဲရစ်မြို့တော်နားက ဒေါသထွက်နေတဲ့ လယ်သမားတွေအတွက် မလုံလောက်ဘဲ သူတို့ လယ်ထွန်စက်တွေနဲ့အတူ မြို့တော်မှာ ပေါင်းစည်းဆန္ဒပြမယ်လို့ ခြိမ်းခြောက် နေဆဲ ဖြစ်ပါတယ်။
Source/Photo - Reuters