Home
နိုင်ငံတကာ
ဘုံအကျိုးစီးပွားကို ကာကွယ်ရန် မြောက်ကိုရီးယားနှင့် တရုတ် သဘောတူ
DVB
·
January 27, 2024
A Chinese delegation led by Vice Foreign Minister Sun Weidong poses for a photo during a visit to the country, in Pyongyang

မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က ထိပ်တန်းသံတမန်တွေဟာ ပြုံယမ်း(ဖြောင်းယန်း)မှာ တွေ့ဆုံကြပြီး ၂ နိုင်ငံ နည်းဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့နဲ့ အဓိက ဘုံအကျိုးစီးပွားကို ကာကွယ်ကြဖို့ သဘောတူခဲ့ကြကြောင်း မြောက်ကိုရီးယားရဲ့ တရားဝင် KCNA သတင်းဌာနက ဇန်နဝါရီ ၂၇ ရက်မှာ ဖော်ပြပါတယ်။ 

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်းဟီနဲ့ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆွန်းဝိုက်ဒုံ တို့ဟာ ဇန်နဝါရီ ၂၆ ရက်မှာ တွေ့ဆုံခဲ့ကြပြီး အစည်းအဝေးအတွင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သူတို့ရဲ့ဘုံအကျိုးစီးပွားကို ကာကွယ်ရေးကို ဆွေးနွေးခဲ့ကြကြောင်း KCNA မှ ပြောကြားခဲ့ပါတယ်။ 

တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး ဆွန်းဝိုက်ဒုံဟာ ၂ နိုင်ငံနယ်စပ်ရှိ ဆင်းန်ဝီဂျူမြို့ကို ဖြတ်သန်းခဲ့ပြီးတော့ ဇန်နဝါရီ ၂၅ ရက်မှာ ပြုံယမ်း (ဖြောင်းယန်း) မြို့ကို ရောက်ရှိလာခဲ့တာပါ။

မြောက်ကိုရီးယားဟာ နည်းဗျူဟာနဲ့ ဗျူဟာမြောက် လက်နက်တွေရဲ့ အခင်းအကျင်းကို ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်လာချိန်မှာ ပြုံယမ်းဘက်ကနေ ရပ်တည်ပေးလာကြတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင်တွေလည်း ဖြစ်ကြပြီး အစဉ်အလာ မဟာမိတ်တွေလည်း ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့နဲ့ ဆက်ဆံရေးကို သိသိသာသာ အဆင့်မြှင့်တင်လာခဲ့တာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024