Home
မြန်မာသတင်း
တနင်္သာရီတွင် ရေခပ်ဆင်းလာသည့် စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး
DVB
·
January 27, 2024
Tani 2712024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုမှာ ဇန်နဝါရီ ၂၅ ရက် ညနေ ၃ နာရီဝန်းကျင်လောက်က ရေခပ်ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြောက်ကျားစနစ်နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းရဲ့ တာဝန်ခံဆီက သိရပါတယ်။

စစ်ကောင်စီတပ်က စခန်းချနေထိုင်နေတဲ့ ဘန်းလမွတ်ကျေးရွာအုပ်စု ထိုးဒါကြီးရှိ ဒေသခေါ် လေသာတောင် ဆက်သွယ်ရေးစခန်းက စစ်ကောင်စီတပ်သားတွေကို သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၂ တာဝန်ခံက ပြောပါတယ်။

"သူတို့က လေသာတောင်ပေါ်မှာ စခန်းချထားတာ၊ သူတို့က ၂ ရက်တကြိမ် ၃ ရက်တကြိမ် ရေဆင်းခပ်တယ်လို့သ တင်းရထားတော့ ကျနော်တို့အဖွဲ့ကနေ ကင်းပုန်းသွားဝပ်ပြီး စောင့်နေတာပေါ့။ စောင့်နေအချိန်မှာ သူတို့အဖွဲ့က ၅ ယောက်က ရေပုံးကိုင်ပြီးဆင်းလာတယ်။ ကျနော်တို့ဘက်က ဝိုင်းထားပြီးတော့ လက်နက်ချခိုင်းပြီး အရှင်ဖမ်းဖို့ လုပ်မယ်ဆိုတုန်း အနောက်မှာထပ်ပါလာတဲ့စစ်သား ၂ ယောက်က စပစ်တော့ ပစ်ခတ်မှုဖြစ်တာ၊ ၂ ယောက်က လွတ်သွားတယ်။ အဲ့ဒီရေခပ်တဲ့ ၅ ယောက်က ပစ်သတ်လို့ သေသွားတယ်”လို့ ပြောပါတယ်။

နာရီဝက်ကြာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် လေသာတောင်ပေါ်စခန်းကနေ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်ဆုတ်ခွာလာခဲ့ရတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက "အားလုံး ၇ ယောက်ဆင်းလာတယ်။ အနောက်က ၂ ယောက်က လူအမြင်မခံဘူး။ ကျနော်တို့က အဲဒါကိုမသိလိုက်ဘူး။ သူတို့ ၂ ယောက် ထွက်ပြေးပြီးတာနဲ့ ၅၅၇ ရော၊ အမြောက်တပ်ကရောပစ်တာ။ ကြားညှပ်ပစ်လိုက်တော့ ပစ်ကွင်းကနေ အသည်းအသန်ထွက်ပြေးလိုက်ရတယ်။ တောင်ကွယ်တခုကခံနေတော့ ကံကောင်းသွားတယ်"လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၂ ဟာ တောပုန်းကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၂၊ ကျွန်းစုမြို့နယ်ပကဖ၊ ပုလောမြို့နယ်ပကဖ၊ တနင်္သာရီပကဖ၊ Dragon Squad ဒရုန်းတပ်ဖွဲ့တို့မှ  မဟာမိတ်တပ်ဖွဲ့အဖြစ်ပူးပေါင်းဖွဲ့စည်းထားတဲ့ စစ်ကြောင်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024