နည်းပြယာဂန်ကလော့ပ်ဟာ အခုနှစ်ရာသီအကုန် အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး သူ မရှိချိန်မှာလည်း လီဗာပူးအသင်း အဆင်ပြေလိမ့်မယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။
ဂျာမန်နည်းပြ ယာဂန်ကလော့ပ်က လီဗာပူးအသင်းနဲ့အတူ ၉ နှစ်ကာလ အဆုံးသတ်တော့မှာဖြစ်ပြီး အသင်းကို အောင်မြင်မှုတွေ ပြန်လည်ရယူပေးခဲ့တဲ့ နည်းပြထွက်ခွာချိန်မှာ အသင်းရဲ့ အနာဂတ်အပေါ် ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေက စိုးရိမ်မှုတွေ ရှိနေကြတာပါ။
နည်းပြကလော့ပ်ကတော့ သူ မရှိချိန်မှာလည်း တခြားနည်းပြ တယောက်နဲ့ အဆင်ပြေသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့အတူ နည်းပြသစ်က ထိပ်တန်းအဆင့်မှာ ဆက်ရှိနေဖို့ လုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း၊ အနာဂတ်မှာ အောင်မြင်မှုတွေ ဆက်လက်ရရှိပါစေကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး ရနိုင်သမျှ ဆုဖလားတွေ ရယူသွားဖို့လည်း နည်းပြကလော့ပ်က ရည်မှန်းထားပါတယ်။
Photo-Reuters