အီကွေဒေါနိုင်ငံအတွင်း မူးယစ်ဆေးဝါး ကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ ဇန်နဝါရီ ၂၅ ရက်မှာ ရဲတပ်ဖွဲ့ဟာ သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါး ၂၁ တန်ခွဲလောက်ကို ဘိလပ်မြေအဖြစ် ပြောင်းလဲလိုက်ပါတယ်။
စစ်ဆေးမှု လုပ်ပြီးတာနဲ့ မူးယစ်ဆေးတွေကို အမှုန့်ခြေပြီး ဘိလပ်မြေတွေ၊ ဖန်ကွဲတွေ၊ ဖုန်တွေနဲ့ ပြာမှုန့်တွေလို ပစ္စည်းတွေနဲ့ ရောမွှေပစ်လိုက်ကြောင်း၊ အဲဒီနောက်မှာ မူးယစ်ဆေးဝါးတွေကို မာခဲသွားစေတဲ့ အရည်ကို ပေါင်းထည့်လိုက်ပြီးတော့ ကိုကင်းအုတ်ခဲအဖြစ် ပြောင်းလဲထုတ်လုပ်လိုက်တာလို့ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဌာနခွဲ ဒါရိုက်တာ ဝီလျံမ် ဗီလာရိုဝလ်က ပြောပါတယ်။
ဖျက်ဆီးခံရတဲ့ မူးယစ်ဆေးဝါးတွေဟာ မှောင်ခိုဈေးကွက်မှာ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
တန်ဖိုးက မူးယစ်ဆေးဝါးတွေ ရောက်ရှိမယ့်နေရာပေါ် မူတည်ပြီးတော့ ကွဲပြားသွားမှာဖြစ်ပြီး အမေရိကန်မှာ ဒေါ်လာ သန်း ၆၀၀ ရှိမယ်လို့ ခန့်မှန်းပြီး ဥရောပမှာ ဒီထက် နှစ်ဆဖြစ်မယ် လို့လည်း မူးယစ်ရဲတပ်ဖွဲ့ ဒါရိုက်တာ ဗီလာရိုဝလ်က ပြောပါတယ်။
Source/Photo - Reuters