Home
နိုင်ငံတကာ
နိုင်ဂျီးရီးယားတွင်  တိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပြီး လူ ၃၀ ခန့်သေဆုံး 
DVB
·
January 27, 2024
Security personnel patrol the streets amid a surge in violence in Mangu

နိုင်ဂျီးရီးယားအလယ်ပိုင်း ပလက်တိုးပြည်နယ်မှာ ပြည်နယ်အစိုးရက ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမဲ့ မန်ဂူမြို့တဝိုက်မှာ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ အယောက် ၃၀ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ရွာပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

နိုင်ဂျီးရီးယားအလယ်ပိုင်း ကုန်းတွင်းပိုင်းဒေသတခုမှာ လူမျိုးဘာသာ ကွဲပြားကြတဲ့ လယ်သမားတွေနဲ့ ကျွဲနွား ထိန်းကျောင်းသူတွေရဲ့ တိုက်ခိုက်မှုတွေအပြင် လူမျိုးရေး ပဋိပက္ခတွေလည်း ပြင်းထန်နေတာပါ။

လူပေါင်း ၁၄၀ ထက်မနည်း သေဆုံးခဲ့တဲ့ ခရစ္စမတ်နေ့ တိုက်ခိုက်မှုအပြီး ဇန်န၀ါရီ ၂၄ ရက်က နောက်ဆုံးအကြမ်းဖက်မှု ဖြစ်ပွားခဲ့တာပါ။

သေနတ်သမားတွေဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် လူတွေကို ခွဲခြားခြင်းမရှိ ပစ်သတ်ပြီးတော့ နေအိမ်တွေနဲ့ ပစ္စည်းတွေကိုပါ မီးရှို့ခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူတွေက ပြောပါတယ်။

ဆေးရုံနဲ့ ဘုရားကျောင်းကိုလည်း မီးရှို့ခဲ့ကြပေမဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်းလည်း ပြောဆိုပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဇန်နဝါရီ ၂၃ ရက်ကထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို လိုက်နာကြဖို့ ဒေသခံပြည်သူတွေကို  တိုက်တွန်းထားပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024