Home
မြန်မာသတင်း
သထုံခရိုင်၌ အချိန်ခါမဟုတ်မိုးကြောင့် တော်လှန်ရေးရဲဘော်များ အမိုးအကာ အရေးပေါ်လိုအပ်
DVB
·
January 27, 2024
tha 2712024

ကရင်အမျိုးသားအစည်းရုံး၊ ကေအန်ယူထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ ၁ မှာ အချိန်မဟုတ် ဆောင်းမိုးရွာတာကြောင့် တော်လှန်ရေးရဲဘော်တွေအတွက် အမိုးအကာတွေ အရေးပေါ်လိုတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက် မနက် ၁၀ နာရီလောက်မှာ ရုတ်တရက် မိုးရွာသွန်းလို့ အမိုးအကာမလုံတဲ့တဲတွေကြောင့် ပစ္စည်းတွေကို မိုးမယိုတဲ့နေရာတွေဆီ ပြောင်းခဲ့ရတယ်လို့ABSDF ရဲဘော်တယောက်က ပြောပါတယ်။

“ဒီအချိန်က အမိုးအကာတွေလည်း မလိုဘူးဆိုပြီး ခေါင်မိုးအပေါက်အပြဲတွေနဲ့ နေနေကြတာဆိုတော့။ မိုးရွာတော့ တဲတိုင်းကတော့ မိုးယိုနေတာ။ မိုးမယိုတဲ့ အခြမ်းလေးမှာ ကပ်နေရတာ။ တချို့စခန်းတွေမှာက တာလဘတ်မရှိလို့ ရိက္ခာတွေ ရေစိုကုန်တယ်ကြားတယ်” လို့ ပြောပါတယ်။

ရှေ့တန်းကရဲဘော်တွေလည်း လွယ်အိတ်တွေနဲ့ ခန္ဓာကိုယ်တွေကို ပုခက်ခြုံပြီး သစ်ပင်အောက်မှာ မိုးခိုနေကြရတယ်လို့ တော်လှန်ရေးအင်အားစုနဲ့ နီးစပ်သူ တယောက်က ဆိုပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ဘက်က လေအေးတွေဟာ အနောက်ဘင်္ဂလားနယ်က တဆင့် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်းကို ထိုးဆင်းလာခဲ့ပြီး တောင်ဘက်ပိုင်း ပင်လယ်က လေနွေးတွေနဲ့ ပေါင်းဆုံလို့ အချိန်အခါမဟုတ် မိုးရွာခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တို့မှာ အချိန်အခါမဟုတ် ဆောင်းမိုး ရွာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024