မြောက်ကိုရီးယားမြို့တော် ပြုံယမ်းက တောင်-မြောက် ညီညွတ်ရေးအထိမ်းအမှတ် မုခ်ဦးကြီးကို ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်း အမိန့်နဲ့ ဖြိုချလိုက်တယ်လို့ ဇန်နဝါရီ ၂၃ ရက်က ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
တောင်ကိုရီယားနိုင်ငံဟာ အဓိကရန်သူဖြစ်ပြီး ပြန်လည်ပေါင်းစည်းရေး မဖြစ်နိုင်တော့ဘူးလို့ ကင်မ်ဂျုံအန်းက ပြောခဲ့ပြီးတဲ့နောက် ၂၃ ရက်နေ့မှာ ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ အမိုးခုံးမုခ်ဦးကြီး မရှိတော့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီမုခ်ဦးကြီးကို ၂၀၀၀ ပြည့်နှစ်က ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ကိုရီးယား ပြန်လည်ပေါင်းစည်းရေး မျှော်လင့်ချက်ကို ကိုယ်စားပြုတဲ့အနေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၅ ရက်က ပြည်သူ့ညီလာခံမှာ ကင်မ်က ဒီမုခ်ဦးကြီးဟာ မျက်စိစပါးမွေးစူးစရာ ဖြစ်နေတယ်လို့ မှတ်ချက်ပေးခဲ့အပြီးမှာ ဖြိုချပစ်ခဲ့တာလို့ ယူဆရပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်နေသလို မြောက်ကိုရီးယားကလည်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ တောက်လျှောက်လုပ်နေပါတယ်။
ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းကလည်း မြောက်ကိုရီးယားဟာ ဒုံးကျည်အမြောက်အမြားကို အနောက်ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို ပစ်လွှတ်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားနဲ့လည်း ပိုမိုနီးစပ်လာနေပြီး ကိုရီးယားကျွန်းဆွယ် ဆက်ဆံရေးဟာ အတင်းမာဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။
Source/Photo-Reuters