Home
မြန်မာသတင်း
ဝါးခယ်မမြို့၌ စစ်တပ်က လုံခြုံရေးအကြောင်းပြ စစ်ဆေးပြီး ငွေတောင်း 
DVB
·
January 24, 2024
checck 2412024

ဧရာဝတီတိုင်း ဝါးခယ်မမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ ရဲတွေက လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးနေပြီး လူငယ်တွေဆီကနေ အဓမ္မခြိမ်းခြောက်ငွေတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်တပ်နဲ့ ရဲတွေ အရပ်ဝတ်နဲ့ ပြည်သူ့စစ်ဆိုသူတွေက ဒေသလုံခြုံရေးလို့ အကြောင်းပြပြီး ဇန်နဝါရီ ၁၉ ရက်ကနေ ဒီနေ့အထိ နေ့စဉ် စစ်ဆေးနေပြီး အမျိုးသမီးတွေပါ မကျန် ကိုယ်ခန္ဓာအနှံ့ရှာဖွေပြီး စစ်ဆေး ငွေညစ်နေတာလို့ ဆိုပါတယ်။ 

ဝါးခယ်မမြို့ခံ အမျိုးသမီးငယ်တဦးက ''လမ်းတွေမှာ နေရာစုံစစ်တယ်၊ လူငယ်တွေဆို အကုန်ရှာတယ်။ ယောကျ်ားလေးက ကိစ္စမရှိဘူးလေ။ သမီးတို့ မိန်းကလေးတွေကို ကိုယ်ခန္ဓာအနှံ့ ဟိုနှိုက်၊ ဒီနှိုက် လိုက်စစ်နေတာ။ ပိုက်ဆံအိတ်ထဲ ပိုက်ဆံပါလာရင် ယူတယ်။ မပါရင် ပိုက်ဆံတောင်းနေတာ”လို့ပြောပါတယ်။ 

စစ်တပ်ရဲ့ စစ်ဆေးခံခဲ့ရတဲ့ ဝါးခယ်မမြို့ခံ လူငယ်အမျိုးသားတဦးက ''တံတားအဆင်းမှာ အတင်းခေါ် စစ်တယ်။ စစ်တာတော့ တာဝန်အရ စစ်တာဆိုတော့ လက်ခံပါတယ်။ စစ်ပြီး ဘာလက်နက်မှ မပါဘူး။ PDF မဟုတ်မှန်းလည်း သိရော ပိုက်ဆံတောင်းတယ်။ ဘာအပြစ်မှ မရှိဘဲ ဒဏ်ငွေ အတင်းဆောင်ခိုင်းတယ်။ အရပ်ဝတ်နဲ့ရော၊ ယူနီဖောင်းနဲ့ရော အရင်ဆုံးကျပ် ၂ သောင်းနဲ့ညှိတယ်။ ၅၀၀၀ ထပ်တိုးပေးတယ်၊ မရဘူး။ နောက်ဆုံး ၂၅၀၀၀ ပေးခဲ့ရတယ်” လို့ ပြောပါတယ်။ 

ဝါးခယ်မမြို့နယ် မြစ်ကြောင်းတလျှောက်မှာလည်း စစ်တပ်၊ ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ မိုင်းရှင်းလင်းရေးအဖွဲ့တွေနဲ့ ခရီးသည်တင်စက်လှေတွေ၊ ကုန်တင်ရေယာဉ်တွေအပြင် ပုသိမ်မြို့နယ်အတွင်း ဆိုက်ကပ်ထားတဲ့ ကူးတို့ဆိပ်၊ ဝါးခယ်မတံတားဆိပ်ကမ်းတို့ပါ ရှာဖွေစစ်ဆေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024