အီရန်စစ်တပ်ဟာ နိုင်ငံအတွင်း ဒေသအများအပြားမှာ တာဝန်ထမ်းဆောင်ဖို့ ဒရုန်းအသစ်တွေကို လက်ခံရရှိခဲ့တယ်လို့ အီရန်ရုပ်သံက ဇန်နဝါရီ ၂၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
IRIB ရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ဗီဒီယိုဖိုင်တွေထဲမှာ ဘယ်နေရာဆိုတာ ထုတ်မပြောတဲ့ နေရာက သိုလှောင်ရုံတခုအတွင်း အီရန်ကာကွယ်ရေးဝန်ကြီးနဲ့ စစ်တပ်ဦးစီးချုပ်တို့က ဒရုန်းတွေ စစ်ဆေးနေပုံကို ပြသခဲ့ပါတယ်။
ဒေသတွင်း ဆက်ဆံရေး ပိုတင်းမာနေချိန်မှာ နိုင်ငံအနောက်တောင်ပိုင်းကနေ အရှေ့တောင်ဘက် ကမ်းရိုးတန်းတွေအထိ ရှည်လျားတဲ့ ဧရိယာထဲမှာ ရန်လိုတဲ့ ပစ်မှတ်တွေကို ကြားဖြတ်ဟန့်တားဖို့ ပုံစံထုတ်ထားတဲ့ ဒရုန်းတွေကို သုံးပြီး လေကြောင်းရန် ကာကွယ်ရေးကို အောင်အောင်မြင်မြင် လေ့ကျင့်ခဲ့တယ်လို့ အီရန်က ဇန်နဝါရီ ၁၉ ရက်မှာ ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲနောက်ခံကို ဆန့်ကျင်တဲ့အနေနဲ့ အီရန်နဲ့ အရှေ့အလယ်ပိုင်းက ပြည်သူ့စစ်မဟာမိတ်တွေဟာ ဂါဇာကမ်မြောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်းတွေကို ထောက်ပံ့ဖို့ ဒေသတွင်းက အစ္စရေးနဲ့ အမေရိကန် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
Source/Photo-Reuters