ဂျာမနီနိုင်ငံ အရှေ့ပိုင်းဒေသတွေရဲ့ ညကောင်းကင်မှာ ဇန်နဝါရီ ၂၁ ရက်က ဥက္ကာပျံတစင်း ဖြတ်သန်းခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၁ နာရီခွဲလောက်မှာ မြင်ရတဲ့ ရှားရှားပါးပါးဖြစ်ရပ်ကို နက္ခတ္တဗေဒ ပညာရှင်တွေက ကြိုတင်ဟောကိန်းထုတ်ထားခဲ့တာပါ။
ဘာလင်မြို့တော်က ဂြိုဟ်တွေဆိုင်ရာ သုတေသနတက္ကသိုလ်က သုတေသီ မိုက်ကယ်အေးက သူ့လုပ်ဖော်ကိုင်ဘက် SETI တက္ကသိုလ်က ဖရန့်ခ် မာရှီစ်ရဲ့ သတင်းပေးချက်အရ ဥက္ကာပျံကို ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဥက္ကာပျံဟာ အချင်းတမီတာရှိပြီး ဟန်ဂေရီ နက္ခတ္တဗေဒပညာရှင် ခရစ်စီယံ စားနက်ခ်စကီက မတွေ့ခင် သုံးနာရီလောက်သာ ကြိုပြီး ထောက်လှမ်းသိရှိခဲ့တာလို့ အေးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
သေးငယ်တဲ့ ဥက္ကာပျံဟာ ဘာလင်မြို့တော် အနောက်ဘက်က ဘရန်ဘာ့ဂ်ပြည်နယ် နန်ဟောင်ဆန်မြို့ပေါ်မှာ ဘေးကင်းတဲ့ မီးလုံးအဖြစ် ပြိုကွဲသွားခဲ့တယ်လို့ အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ) က ဆိုပါတယ်။
ဥက္ကာပျံတွေဟာ အာကာသထဲမှာ ဖုန်မှုန့်ကနေ ဂြိုဟ်သိမ်အရွယ်အထိ အရွယ်အစားအမျိုးမျိုး ရှိကြပြီး ကမ္ဘာ့လေထုထဲကို ရောက်လာချိန်မှာ လေထုနဲ့ပွတ်တိုက်ရာက အပူရှိန်ကြောင့် မီးလောင်သွားပြီး တောက်ပတဲ့ အမြီးအဖြစ် ကမ္ဘာပေါ်ကနေ မြင်ရလေ့ရှိပါတယ်။
Source/Photo-Reuters