ဗြိတိန်နိုင်ငံကို အစ်ရှာမုန်တိုင်း ဝင်ရောက်တိုက်ခတ်နေလို့ လန်ဒန်မြို့တော်က ဟီးသရိုးလေဆိပ်မှာ ဇန်နဝါရီ ၂၁ ရက်က လေယာဉ်တွေ ဆင်းသက်ရ အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
မုန်တိုင်းကြောင့် နိုင်ငံတဝန်း ဇန်နဝါရီ ၂၁ ရက် နှောင်းပိုင်းနဲ့ ဇန်နဝါရီ ၂၂ ရက်တွေမှာ မိုးသက်လေပြင်းတွေ တိုက်ခတ်နေမယ်လို့ မျှော်လင့်ထားတဲ့အကြောင်း မိုးလေဝသဌာနက ခန့်မှန်းပါတယ်။
အစ်ရှာမုန်တိုင်းကြောင့် ဗြိတိန်နဲ့ အိုင်ယာလန်မှာ မိုးသက်လေပြင်းတွေ တိုက်ခတ်နေလို့ အင်္ဂလန်နယ် အနောက်တောင် ကမ်းရိုးတန်းမှာ ဇန်နဝါရီ ၂၁ ရက်က လှိုင်းကြီးနေပါတယ်။
ကွန်းဝေါလ်စီရင်စု ပို့သ်လဲးဗန်းမြို့ ကမ်းရိုးတန်းတလျှောက် ပင်လယ်ပြင်က မုန်တိုင်းထန်နေတာကို X လူမှုကွန်ရက်ပေါ်မှာ မျှဝေထားတဲ့ ရုပ်သံထဲမှာ တွေ့ရပါတယ်။
မုန်တိုင်းကြောင့် ဒပ်ဘလင်လေဆိပ်မှာ အဆင်းအတက် လေကြောင်းခရီးစဉ် ၁၀၂ ခုကို ဖျက်သိမ်းခဲ့ရပြီး ခရီးသွားလာရေးကို ထိခိုက်ခဲ့ပါတယ်။
လေပြင်းကြောင့် လေကြောင်းခရီးစဉ် ၂၇ ခုကို တခြားလေဆိပ်တွေဆီ လမ်းကြောင်းလွှဲခဲ့ရတယ်လို့ ဒပ်ဘလင်လေဆိပ်က X လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။
Source/Photo-Reuters