ရုရှားနိုင်ငံရဲ့ အကြီးဆုံး သဘာဝဓာတ်ငွေ့ရည် ထုတ်လုပ်ရေးကုမ္ပဏီ နိုဗာတခ်က ပိုင်ဆိုင်တဲ့ ဘောလ်တစ်ပင်လယ်ဆိပ်ကမ်းရှိ ဓာတ်ငွေ့သိုလှောင်ရုံ တာမီနယ်လ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
အဲဒီနေရာမှာ ပေါက်ကွဲသံတွေနဲ့ ယူကရိန်းဒရုန်းတွေ လှည့်ပတ်သွားလာနေသံတွေလည်း ကြားနေရတယ်လို့ လီနင်ဂရက်ဒ်ဒေသရဲ့ ကင်ဂီဆက်ပ်ခရိုင် အကြီးအကဲ ယူရီ ဇာပါလတ်စကီးက ပြောပါတယ်။
“အုစ်ထ်-လူဂါ ဆိပ်ကမ်းမှာရှိတဲ့ နိုဗာတခ် တာမီနယ်လ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းကို မနက် ၂ နာရီ ၄၅ မိနစ်မှာ လီနင်ဂရဒ် ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန်ဒါ ဒရော့ဇ်ဒန်ကိုက ဖုန်းဆက်သတင်းပေးလာပြီး မနက် ၃ နာရီမှာ ကင်ဂီဆက်ပ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ဟာ ဖက်ဒရယ်၊ ဒေသဆိုင်ရာနဲ့ ဒေသတွင်းအဖွဲ့တွေကို စုစည်းပြီးတော့ မီးငြှိမ်းသတ်ရေးကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။”
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘဲ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ လီနင်ဂရဒ် ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန်ဒါ ဒရော့ဇ်ဒန်ကိုက တယ်လီဂရမ်မှာ ပြောပါတယ်။ ဒါပေမဲ့လည်း မီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းကိုတော့ မပြောခဲ့ပါဘူး။
Source/Photo-Reuters