ထောင်နဲ့ချီတဲ့ အစ္စရေးပြည်သူတွေ မြို့တော်တဲလ်အဗီမှာ ဇန်နဝါရီ ၂၀ ရက်က စုရုံးခဲ့ပြီး နိုင်ငံလုံခြုံရေးကို လွဲမှားစွာကိုင်တွယ်မှုနဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ အစိုးရကို စွပ်စွဲဆန္ဒပြခဲ့ကြသလို ရွေးကောက်ပွဲအသစ် ကျင်းပဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
အစ္စရေးကို ဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်မှာ တိုက်ခိုက်မှုအပြီး နိုင်ငံရေး အကွဲအပြဲတွေကို ဘေးဖယ်ထားခဲ့လို့ ၂၀၂၃ ခုနှစ်အတွင်း ကြီးမားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ရပ်တန့်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဂါဇာစစ်ပွဲဖြစ်အပြီး စတုတ္ထလမှာ နေတန်ယာဟုကို ထောက်ခံမှု နောက်ကောက်ကျနေတဲ့ သဘောထားစစ်တမ်းတွေမှာ ခေါင်းဆောင်မှု အပြောင်းအလဲအတွက် တောင်းဆိုတာတွေ ပိုအားကောင်းလာခဲ့ပါတယ်။
မနှစ်က ဆန္ဒပြပွဲတွေ အများအပြား ပေါ်ပေါက်ခဲ့တဲ့ တဲလ်အဗီမြို့လယ် ရင်ပြင်မှာ စနေနေ့ညက ထွက်လာတဲ့ လူအုပ်က ဒီစစ်တမ်းကို ထင်ဟပ်ခဲ့ပါတယ်။
လူစုလူဝေးဟာ ၂၀၂၃ ခုနှစ်တလျှောက်လုံး တွေ့ခဲ့သမျှ သပိတ်တွေထက် အရွယ်အစား အများကြီး လျော့နည်းပေမဲ့ လူထောင်ပေါင်းများစွာ စုဝေးခဲ့တာဖြစ်ပြီး ဗုံတွေတီးရင်း စိတ်ပျက်တဲ့ မကျေနပ်ချက်တွေကို ဟစ်ကြွေးရင်း အစ္စရေးအလံတွေကို ဝှေ့ယမ်း ဆန္ဒပြခဲ့ကြပါတယ်။
“အောက်တိုဘာ ၇ ရက်မှာ ငါတို့ကို စွန့်လွှတ်ခဲ့တဲ့ အစိုးရဟာ ငါတို့ကို နေ့တိုင်း ဆက်လက် စွန့်လွှတ်ခဲ့တယ်” လို့ ရဲဘော် နိုအမ် အာလွန်းမ်က ပြောပါတယ်။
သူ့အစ်ကို စစ်သားဖြစ်သူကတော့ အစ္စရေးမြို့တမြို့မှာ ဟားမတ်စ် ကျူးကျော်သူတွေကို ရှင်းထုတ်ဖို့ ကြိုးပမ်းရင်း သေဆုံးသွားခဲ့တာပါ။
“ပြောင်းလဲပြုပြင်ဖို့ စွမ်းအားက ကျမတို့လက်ထဲမှာရှိတယ်” လို့ သူက စင်ပေါ်ကနေ ပြောခဲ့ပါတယ်။ ဒီအစိုးရ အခုဆင်းပေးဖို့ လိုတယ်လို့ သူက ပြောချိန်မှာ လူအုပ်ကြီးကလည်း အလားတူ ဝိုင်းအော်ဟစ်ခဲ့ကြပါတယ်။
Source/Photo-Reuters