အီကွေဒေါနိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပင်လယ်ပြင်မှာ ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး ၃ ဒသမ ၂ တန်ပါတဲ့ တစိတ်တပိုင်း ရေငုပ်သင်္ဘောတစီးကို ဇန်နဝါရီ ၂၀ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကိုလံဘီယာ စစ်တပ်ရဲ့ အကူအညီနဲ့ စစ်ဆင်ရေးတခုအတွင်း အဲ့စ်မယ်ရဲဒက်စ် ကမ်းရိုးတန်းကနေ ရေမိုင် ၃၂ မိုင် အကွာမှာ အဲဒီရေယာဉ်ကို လက်နက်ကိုင်တပ်ဖွဲ့တွေက ကြားဖြတ်ဟန့်တားခဲ့တာပါ။
ကိုလံဘီယာ အမျိုးသား ၃ ဦးကို ဖမ်းဆီးပြီး အီကွေဒေါ အမျိုးသားရဲတပ်ဖွဲ့ဆီ လွှဲပေးခဲ့တယ်လို့ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Source/Photo - Reuters