ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှာ လက်ယာအစွန်းရောက်ဝါဒနဲ့ လက်ယာယိမ်းဂျာမနီပါတီ Alternative for Germany (AfD) တို့ကို လူ သုံးသောင်းခွဲလောက်က ဇန်နဝါရီ ၂၀ ရက်မှာ ဆန္ဒပြကြပါတယ်။
ဆူပူအုံကြွအောင် လှုံ့ဆော်တဲ့လူတွေ နောက်တကြိမ် အာဏာရလာမှာ မဟုတ်တာ သေချာစေဖို့ ဆန္ဒပြခဲ့တာလို့ ဖရန့်ဖတ်မြို့တော်ဝန် မိုက်ခ် ဂျိုးဇက်ဖ်က ပြောပါတယ်။
“အစွန်းရောက်ဝါဒနဲ့ လူမျိုးရေးခွဲခြားမှုဟာ ကျနော်တို့မြို့၊ ကျနော်တို့နိုင်ငံက လူအားလုံးရဲ့ ဆင်းရဲမွဲတေမှုနဲ့အတူ ယှဉ်တွဲနေထိုင်မှု ပြိုလဲတာတွေကို အမြဲဖြစ်ပေါ်စေတယ်။”
ဆန္ဒပြပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသမီးတဦးက “တခုခုမှားနေပြီ ဆိုတာကို ဂျာမန် နိုင်ငံသားတွေကြား အသိပညာပေးဖို့ လိုတယ်” လို့ ပြောပါတယ်။
ဒါဟာ နိုင်ငံရေးသမားတွေကို လှုံ့ဆော်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။ ဘာလင်မြို့တော်မှာ လက်ယာစွန်းရောက်ပုဂ္ဂိုလ်တွေရဲ့ အစည်းအဝေးအတွင်း ရွှေ့ပြောင်း နေထိုင်သူတွေ မူရင်းဌာနေကို ပြန်ခြင်းအယူအဆကို ဆွေးနွေးခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေ ဒီလထဲမှာ ထွက်လာခဲ့တာပါ။
အဲဒီနောက် အခုလကုန်မှာ နိုင်ငံတဝန်းက တခြားမြို့ကြီးတွေမှာ အလားတူ လက်ယာစွန်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ဖို့ စီစဉ်ထားကြပါတယ်။
Source/Photo - Reuters