ပရီးမီးယားလိဂ်သမိုင်းမှာ မန်ယူနောက်ခံလူဟောင်း နီမန်ဂျာဗီဒစ်က အများထင်သလောက် ကောင်းမွန်တဲ့ ခံစစ်မှူး မဟုတ်ကြောင်း တိုက်စစ်မှူးဟောင်း အဘွန်လဟော်က ပြောပါတယ်။
ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးခံစစ်ကစားသမားကို ရွေးချယ်ရာမှာ ဗီဒစ်နဲ့ ပတ်သက်ပြီး အဘွန်လဟော်က ထည့်သွင်းပြောသွားခဲ့တာပါ။ ဗီဒစ်နဲ့ ရင်ဆိုင်ရာတိုင်း ခက်ခဲခဲ့တာမျိုး မရှိကြောင်း၊ ဗီဒစ်ဘက်က လူကပ်ကစားလာတိုင်း အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ကြောင်း အဘွန်လဟော်က ပြောပါတယ်။
မန်ယူပရိသတ်တွေနဲ့ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ အဘွန်လဟော်ဟာ မန်ယူနဲ့ ၂၂ ကြိမ် တွေ့ဆုံခဲ့ပေမဲ့ တစ်ပွဲသာ အနိုင်ရခဲ့ကြောင်း ပြန်လည်တုံ့ပြန်ကြပါတယ်။
ဗီလာတိုက်စစ်မှူးဟာ မန်ယူနဲ့ ၂၂ ကြိမ် ရင်ဆိုင်ခဲ့ရာမှာ ၄ ဂိုးသွင်းပြီး ၂ ကြိမ် ဂိုးဖန်တီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံးနောက်ခံလူတွေက ဖာဒီနန်နဲ့ ဂျွန်တယ်ရီတို့ နှစ်ဦးသာ ဖြစ်တယ်လို့ အဘွန်လဟော်က ပြောပါတယ်။
Photo - Reuters/Stefan Wermuth