Home
မြန်မာသတင်း
မြန်မာကလေးငယ်များအတွက် အခြေခံဆပ်ကပ်သင်တန်း မဲဆောက်တွင် သင်ကြားပေးနေ 
DVB
·
January 21, 2024
Circus Play at Joy House_21012024

ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြတဲ့ မြန်မာကလေးငယ်တွေအတွက် Circus Kid အခြေခံဆပ်ကပ်သင်တန်းကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ Joy House မှာ သင်ကြားပေးနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကိုထွက်လာကြတဲ့ မြန်မာပြည်သားတွေရဲ့ ရင်သွေးငယ် တွေတွက် ကလေးလက်မှုအနုပညာသင်တန်းတွေကို မဲဆောက်မြို့က Joy House လူထု အခြေပြု စင်တာမှာ ဖွင့်လစ်သင်ကြားနေရာမှာ ခုကတော့ ကလေးတွေအတွက် ပျော်ရွှင်ဖွယ် ဆပ်ကပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးနေတာလို့ Joy House ထိုင်း-မြန်မာ ဆက်ဆံရေးတာဝန်ခံ အဲလစ်ဇဘက်ဝင်းက ပြောပါတယ်။

ဝါရင့် ဆပ်ကပ်ပညာရှင်ကြီး တဦးကိုယ်တိုင် အင်္ဂလန်နိုင်ငံကနေ လာရောက် သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ဆပ်ကပ်အစီအစဉ်ရဲ့ ပရောဂျက်မန်နေဂျာ ဂျူလ်စ်ဟောင်းဝပ်သ်က “ကလေးတွေ ဆပ်ကပ်ပညာကို သင်ကြားတတ်မြောက်ခြင်းအားဖြင့် သူတို့ဘဝအတွက် သိပ်ကို ကောင်းပါတယ်။ အာရုံစူးစိုက်တတ်မှု၊ ပိုင်းဖြတ်ဆင်ခြင် ချိန်ဆတတ်မှု၊ မဖြစ်မနေ အကြိမ်ကြိမ် လေ့ကျင့်ကြိုးစားတတ်မှုစတဲ့ ပညာတွေ သူတို့အတွက် ရရှိပါတယ်”လို့ ပြောပါတယ်။

သင်တန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း ညနေ ၄ နာရီကနေ ၅ နာရီအထိ သင်ပေးနေတာဖြစ်ပြီး အသက် ၅ နှစ်အထက် ကလေးတွေ တက်ရောက်လို့ ရပါတယ်။

ပီတိအိမ် ခေါ် Joy House မဲဆောက်ကို ၂၀၂၂ ခုနှစ်ကစတင်ကာ စိတ်ဒဏ်ရာကုစားရေး လူထုအခြေပြု စင်တာတခုအဖြစ်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024