အာဆင်နယ်အသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမဲ့ တိုက်စစ်မှူး လိုအပ်ကြောင်း အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက သုံးသပ်သွားပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံး ၃ ပွဲ ဆက်တိုက်ရှုံးပွဲ တွေ့ခဲ့ပြီးနောက် ခရစ္စတယ်ပဲလေ့နဲ့ ပွဲစဉ်မှာ ၅ ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲပြန်လည်ရရှိခဲ့တာပါ။
ပဲလေ့နဲ့ပွဲမှာ ၅ ဂိုး သွင်းခဲ့ပေမဲ့ တိုက်စစ်မှူးလိုအပ်နေဆဲ ဖြစ်ပြီး အရည်အသွေးမြင့် တိုက်စစ်ကစားသမား ခေါ်ယူဖို့ လိုအပ်ကြောင်း အလန်ရှီးယားက သူ့ရဲ့ သုံးသပ်ချက် ဆောင်းပါးမှာ ထောက်ပြခဲ့တာပါ။
အာဆင်နယ်အနေနဲ့ နောက်တဆင့်တက်ဖို့နဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖို့ဆိုရင် အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှူး လိုအပ်တယ်လို့ အလန်ရှီးယားက ပြောပါတယ်။
အာဆင်နယ်ဟာ နိုင်ပွဲပြန်ရခဲ့တာကြောင့် မန်စီးတီးထက် တစ်ပွဲပိုအခြေအနေမှာ ရမှတ်တူနဲ့ အဆင့် ၃ နေရာ တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးက လီဗာပူးထက် တစ်ပွဲပိုအခြေအနေမှာ ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
Photo - ANDREW BOYERS/ Reuters