ဘောလုံးသမားဘဝကနေ အနားယူဖို့ရှိပေမဲ့ နောက်ထပ် ၁၀ နှစ်ကျော်ကြာတဲ့အထိ ဆက်ပြီး ကစားနိုင်ကြောင်း စီရော်နယ်ဒိုက ပြောသွားပါတယ်။
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာပြုလုပ်ခဲ့တဲ့ Global Soccer Awards ဆုပေးပွဲမှာ အနာဂတ်နဲ့ ပတ်သက်ပြီး စီရော်နယ်ဒိုက မှတ်ချက်ပေးခဲ့တာပါ။
နောက်ထပ် ၁၀ နှစ်ကျော် ကြာတဲ့အထိ ဆက်ပြီး ကစားမယ်ဆိုတာ ရယ်စရာပြောတာ မဟုတ်ကြောင်းနဲ့ ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ကြောင်း စီရော်နယ်ဒိုက ပြောပါတယ်။
“ကျနော် ကစားသမားဘဝကနေ ဘယ်အချိန်အနားယူမလဲဆိုတာက ရိုးရိုးသားသားပြောရရင် သေချာမသိနိုင်ပါဘူး။ သိပ်မကြာခင်မှာပဲ အနားယူနိုင်သလို နောက်ထပ် ၁၀ နှစ်ကျော် လောက်လဲ ထပ်ကစားနိုင်တယ်လို့ မှတ်ယူနိုင်ပါတယ်။ ဒါက ရယ်စရာပြောတာမဟုတ်ပါဘူး။ ဘယ်အချိန်အနားယူ ဖြစ်မလဲဆိုတာ မသိသေးလို့ ဆက်ပြီးစောင့်ကြည့်ရမှာပါ” လို့ စီရော်နယ်ဒိုကပြောပါတယ်။
အသက် ၃၉ နှစ်ပြည့်တော့မယ့် အယ်လ်နာဆာ တိုက်စစ်မှူးဟာ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံနဲ့ ကလပ်အတွက် စုစုပေါင်း ၅၄ ဂိုးသွင်းခဲ့ပြီး Global Soccer က ချီးမြှင့်တဲ့ မာရာဒိုနာဆု ရရှိခဲ့ပါတယ်။
Photo-Reuters