အီဂျစ်တိုက်စစ်မှူး မိုဆာလာဟာ ဒဏ်ရာကြောင့် အာဖရိကဖလားပွဲစဉ် ၂ ပွဲ လွဲချော်မယ်လို့ အသင်းဘက်က အတည်ပြုသွားပါတယ်။
မိုဆာလာဟာ ဂါနာနဲ့ ၂ ဂိုး စီ သရေကျခဲ့တဲ့ အုပ်စုပွဲစဉ်မှာ နောက်ကျောကြွက်သားဒဏ်ရာရရှိခဲ့ပြီး အသင်းရဲ့ပွဲစဉ် နှစ်ပွဲကို လွဲချော်မှာပါ။
အီဂျစ်အသင်းဟာ အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ နိုင်ပွဲမရသေးဘဲ ၊ နှစ်ပွဲစလုံးသရေကျထားတာပါ။
အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ၂ ပွဲ ဆက်တိုက်အနိုင်ရထားတဲ့ ကိတ်ဗာဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ဆာလာ လွဲချော်မှာဖြစ်သလို ရှုံးထွက်အဆင့်တက်ရောက်မယ်ဆိုရင်လည်း ဆာလာ ပါဝင် နိုင်မှာမဟုတ်ပါဘူး။
ဆာလာရဲ့ ဒဏ်ရာ အခြေအနေကို လီဗာပူးအသင်းပရိသတ်တွေဟာလည်း စိုးရိမ်ခဲ့ကြပေမဲ့ ရက်သတ္တပတ်ခန့်သာ အနားယူရမယ့် အခြေအနေက သတင်းကောင်းဖြစ်ခဲ့ပါတယ်။
Photo-Reuters