အစ္စရေးဟာ ဂါဇာရှိ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်ရေးစခန်းတွေထဲက ၃ ပုံ ၂ ပုံလောက်ကို ဖျက်ဆီးပစ်ထားပြီး စစ်ပွဲကိုလည်း ပြီးမြောက်သွားတဲ့အထိ ဆက်လက်လုပ်ဆောင်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၁၈ ရက်မှာ ကတိပြု ပြောပါတယ်။
တိုက်ပွဲမှာ အဆင့် ၂ ဆင့်ရှိပြီး ပထမတခုက ဟားမတ်စ် တပ်ရင်းတွေကို ဖျက်ဆီးပစ်တာဖြစ်ပြီး သူတို့တွေက သူတို့ရဲ့ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးမူဘောင်တွေပဲလို့ နေတန်ယာဟုက တဲလ်အဗစ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
အခုချိန်ထိ တပ်ရင်း ၂၄ ခုထဲက ၁၆ ခု၊ ၁၇ ခုလောက် ဖျက်ဆီးပစ်ခဲ့ပြီး အဲဒီနောက် စစ်သွေးကြွတွေကို နယ်မြေရှင်းလင်းရေးအဆင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပထမလုပ်ဆောင်ချက်က အချိန်ပိုတိုပြီး ဒုတိယက အချိန်ပိုကြာတယ်လို့လည်း ဆိုပါတယ်။
ကျဆုံးသွားတဲ့ အစ္စရေးစစ်သားတယောက်ရဲ့ ဓာတ်ပုံကိုကိုင်ရင်း နေတန်ယာဟုက တပ်ဖွဲ့ဝင်တွေဟာ အချည်းနှီး သေဆုံးရမှာ မဟုတ်ကြောင်းနဲ့ ဟားမတ်စ်တွေ ရှုံးနိမ့်ပြီးတော့ ဂါဇာရှိ ဓားစာခံတွေ ပြန်လွတ်မြောက်လာချိန်အထိ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေဦးမယ် လို့လည်း ပြောပါတယ်။
“အောင်ပွဲက လပေါင်းများစွာ ကြာနိုင်ပေမဲ့ အောင်မြင်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်” လို့ နေတန်ယာဟုက ပြောသွားပါတယ်။
Source/Photo-Reuters