ဂါနာအသင်းနဲ့ အာဖရိကဖလားအုပ်စုပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ မိုဆာလာအပေါ် လီဗာပူးပရိသတ်တွေက စိုးရိမ်နေကြပါတယ်။
အဲဒီပွဲစဉ်မှာ ၂ ဂိုးစီသရေကျခဲ့ပြီး ဆာလာက တံကောက်ကြောဒဏ်ရာရရှိခဲ့လို့ ပထမပိုင်း ပြီးခါနီးကတည်းက လူစားလဲခဲ့ရပါတယ်။
ဆာလာဟာ ဒဏ်ရာအခြေအနေကြောင့် ဘယ်လောက်အနားယူရမလဲဆိုတာ မသိရသေးပေမဲ့ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းမှာရှိနေတဲ့ လီဗာပူးအသင်းအတွက် ပရိသတ်တွေက စိုးရိမ်ခဲ့ကြတာပါ။
ဆာလာရဲ့ ဒဏ်ရာအခြေအနေက တစ်ရာသီလုံးနားရနိုင်ကြောင်း ပရိသတ်တစ်ဦးက ခန့်မှန်းပြောခဲ့ ပြီး အသင်းအတွက် ကံဆိုးမှုဖြစ်ကြောင်း လီဗာပူးပရိသတ်တစ်ဦးက ပြောပါတယ်။
ဆာလာဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာမယ်ဆိုရင်လည်း အီဂျစ်အသင်းက ဗိုလ်လုပွဲအထိ တက်မယ်ဆိုရင် ဖေဖော်ဝါရီ ၁၇ ရက်အထိ လီဗာပူးရဲ့ ပွဲစဉ်တွေကို လွဲချော်မှာပါ။
လက်ရှိအချိန်မှာတော့ ဆာလာရဲ့ဒဏ်ရာ ပြင်းထန်မှု မရှိဖို့ လီဗာပူးပရိသတ်တွေက မျှော်လင့်နေကြ ပါတယ်။
Photo-Reuters