Home
နိုင်ငံတကာ
ပီရူးရဲက လျှို့ဝှက်ဖန်လုံအိမ် ဆေးခြောက်စိုက်ခင်းတွေ့ရှိ ဖမ်းဆီး
DVB
·
January 19, 2024
peru world 1912024

ပီရူးရဲတပ်ဖွဲ့ဟာ ဇန်နဝါရီ ၁၆ ရက်က နိုင်ငံအလယ်ပိုင်း ကားလိုမြို့ရှိ ရေခဲသေတ္တာ နှစ် လုံးနောက်မှာ ဖုံးကွယ်စိုက်ပျိုးထားတဲ့ ဖန်လုံအိမ် ဆေးခြောက်စိုက်ခင်းတခုကို ထူးထူးခြားခြား တွေ့ရှိခဲ့ကြပါတယ်။

ရေခဲသေတ္တာတွေကို လျှို့ဝှက်လမ်းကြောင်းလို လုပ်ထားပြီး ဆေးခြောက်ပင်တွေကို စိုက်ပျိုးမယ့် ဖန်လုံအိမ်အဖြစ် ပြောင်းလဲပြီး အိမ်ရဲ့ဧည့်ခန်းနဲ့ ချိတ်ဆက်ထားတာလို့ ရဲတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ နေအိမ်အတွင်းမှာ ဆေးခြောက်ပင် ၁၀၆ ပင်ကို တွေ့ရှိခဲ့ပြီး လက်နက်တွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ရာဇ၀တ်မှု မှတ်တမ်းရှိပြီးသား အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအမျိုးသားဟာ အနံ့မထွက်အောင် ဖုံးကွယ်ထားနိုင်တဲ့ ပစ္စည်းကိရိယာတွေကို ဆက်တိုက်ဝယ်ယူနေတာဖြစ်ပြီး သူ့အိမ်နီးနားချင်းတွေကလည်း အနံ့နဲ့ ဆူညံသံကိုလည်း သတိမထားမိခဲ့ကြလို့ သတင်းလည်း မပို့ခဲ့ကြဘူးလို့ ရဲအရာရှိ အဒ်ဒွာဒို ရိုဟတ်စ်က ပြောပါတယ်။

ထိန်းသိမ်းခံထားရသူကို အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီး သူဟာ ထောင်ဒဏ် ၈ နှစ်မှ ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024