ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ ထိပ်တန်းအသင်းမှာ ကစားချင်ကြောင်း ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးက ဝန်ခံပြောသွားပါတယ်။
တိုနေးဟာ လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုတွေကြောင့် ၈ လကြာ ပွဲပယ်ခံခဲ့ရပြီး လာမယ့်တပတ် ပွဲစဉ်ကစတင်ပြီး ပြန်လည်ကစားနိုင်တော့မှာပါ။
သူ့ကိုခေါ်ယူဖို့ အာဆင်နယ်၊ ချဲလ်ဆီး အသင်းတွေက ကြိုးပမ်းနေချိန်မှာ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး တိုနေးက ပြောခဲ့တာပါ။
အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ မှန်ကန်သင့်တော်တဲ့အချိန်ကို ဘယ်သူမှမသိနိုင်ပေမဲ့ ထိပ်တန်းအသင်းတသင်းမှာ ကစားချင်တာကတော့ ရှင်းလင်းကြောင်း တိုနေးက ပြောပါတယ်။
“ကစားသမားတိုင်းက ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ ထိပ်တန်းအသင်းတသင်းမှာ ကစားချင်ကြတာ မထူးဆန်းပါဘူး။ ဒါပေမဲ့ ကျနော်ကတော့ ကွင်းထဲမှာ ဘာလုပ်ပြနိုင်မလဲ ဆိုတာကိုပဲ အာရုံစိုက်ဖို့ဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စတွေက သူ့ဘာသာသူ ရှိပါလိမ့်မယ်” လို့ တိုနေးက ပြောပါတယ်။
တိုနေးဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ပွဲပယ်ခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ် ဖြစ်ပါတယ်။
Photo-Reuters