နည်းပြ မော်ရင်ညိုကို ဘာစီလိုနာအသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်စ်က ကမ်းလှမ်းထားပါတယ်။
ဘာစီလိုနာအသင်းကို ဂန္ထဝင်ကွင်းလယ်ကစားသမား ဇာဗီက တာဝန်ယူနေပြီး ရလဒ်ကောင်း ရယူနိုင်ခြင်း မရှိတာကြောင့် နည်းပြအပြောင်းအလဲလုပ်ဖို့ ရှိနေတာပါ။
မော်ရင်ညိုနဲ့ ကာလရှည်ကြာ လက်တွဲလာခဲ့တဲ့ အေးဂျင့် ဂျော့စ်မန်ဒက်စ်ဟာ ဘာစီလိုနာ နည်းပြရာထူးနေရာအတွက် မော်ရင်ညိုကို အမည်စာရင်းသွင်းထားပြီး ကမ်းလှမ်းမှု လုပ်ဆောင်ထားကြောင်း စပိန်မီဒီယာ အယ်လ်နေရှင်နယ်က ဖော်ပြပါတယ်။
မော်ရင်ညိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အီတလီကလပ် ရိုးမားအသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး အသင်းလက်မဲ့ ဖြစ်နေတာပါ။
ဘာစီလိုနာဟာ စူပါဖလား ဗိုလ်လုပွဲမှာ မဟာပြိုင်ဘက် မက်ဒရစ်ကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ကစားသမားတွေဟာ နည်းပြဇာဗီအပေါ် ယုံကြည်မှုနည်းပါးနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။
Photo-Reuters