Home
နိုင်ငံတကာ
နိုင်ဂျီးရီးယားတွင် ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး ၂ ဦးသေဆုံး
DVB
·
January 17, 2024
Nigeria blast_17012024

နိုင်ဂျီးရီးယားနိုင်ငံ အိုယိုပြည်နယ်ရှိ ပုဂ္ဂလိကနေအိမ်တခုမှာ သိုလှောင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၁၇ ရက်မှာ ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက် ညပိုင်းက မျက်မြင်သက်သေတဦး ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြည်နယ်မြို့တော် အီဒါဘန်ရှိ ဘိုဒီယာခရိုင်တဝိုက်မှာ အထိတ်တလန့်ဖြစ်နေကြတဲ့ ဒေသခံတွေဟာ လမ်းတွေပေါ်ထွက် ရပ်နေကြပြီး ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ အဆောက်အဦတွေနဲ့ မော်တော်ယာဉ်တွေကို မြင်တွေ့ရပါတယ်။

ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ တရားမဝင် မိုင်းလုပ်သားတွေ နေထိုင်နေကြတဲ့ ဘိုဒီယာရှိ နေအိမ်တလုံးမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းထားတာဖြစ်ပြီးတော့ အဲဒါတွေကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဆဲယီ မာကင်ဒယ်က ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေလည်း လုပ်ဆောင်နေပြီး အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေအတွက် ယာယီနေရာထိုင်ခင်းတွေကို ပြည်နယ်အစိုးရက ဆောင်ရွက်ပေးမှာဖြစ်ကြောင်း မာကင်ဒယ်က ပြောသွားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024