မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဇန်နဝါရီ ၁၆ မနက်ပိုင်းက လူငယ် အမျိုးသားတယောက် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တက်သေးအင်းကန်ပတ်လမ်း ကုက္ကိုလ်ကျွန်းစားသောက်ဆိုင်နားမှာ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားလူငယ်ကို အမည်မသိသေနတ်သမားက ပစ်သတ်သွားတာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူ တဦးက "မနက် ၁၁ နာရီလောက်က စားသေက်ဆိုင်နားမှာ အပစ်ခံရတာ။ ဆိုင်ကယ်မောင်းလာတာကို အနောက်က ဆိုင်ကယ်နဲ့ လိုက်ပစ်သွားတာ။ ပွဲချင်းပြီး သေတယ်။ ဘယ်သူ ပစ်သွားတာလဲတော့ မသိရဘူး အပစ်ခံရတဲ့ လူငယ်ကလည်း ဘယ်ကမှန်း မသိရသေးဘူး" လို့ ပြောပါတယ်။
အသက် ၂၀ ကျော်အရွယ် အမျိုးသားလူငယ်ကို အမည်မသိသေနတ်သမားက ပစ်ခတ်ခဲ့တဲ့အတွက် ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ သန်လျှက်မှော် အနောက်ရပ်ကွက်က ရာအိမ်မှူး ဦးသန်းမင်းကို အမည်မသိ သေနတ်သမားက ပစ်သတ်ခဲ့ပါတယ်။