ပြိုင်ပွဲကာလအတွင်းမှာ ဖြေရှင်းချက်တွေ မလုပ်ဆောင်ချင်ကြောင်း ကင်မရွန်းဂိုးသမား အိုနားနားက ပြောသွားပါတယ်။
အိုနားနားဟာ မန်ယူအသင်းနဲ့အတူ နောက်ဆုံး ၂ ပွဲဆက်တိုက် ကစားခဲ့တာကြောင့် အာဖရိကဖလား အုပ်စုအဖွင့်ပွဲစဉ် လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။
အသင်းဆီပူးပေါင်းချိန် နောက်ကျခဲ့တာကြောင့်ဖြစ်ပြီး လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့တာပါ။
အိုနားနားကတော့ အဲဒီကိစ္စအပေါ် ပြောစရာတွေ အများကြီးရှိပေမဲ့ ပြိုင်ပွဲကာလအတွင်းမှာဖြစ်လို့ ဖြေရှင်းချက်တွေ မလုပ်ဆောင်ချင်ကြောင်း၊ အရေးကြီးဆုံး အချက်က အသင်းသားတွေ စည်းလုံးညီညွတ်မှုရှိဖို့ဖြစ်ကြောင်း အိုနားနားက ပြောပါတယ်။
အသင်းကို ကိုယ်စားပြု ကစားချင်လို့သာ ပူးပေါင်းခဲ့တာဖြစ်ပြီး ကင်မရွန်းအသင်းအပေါ် ကိုယ်စားပြု ကစားရတာဟာ ဂုဏ်ယူစရာဖြစ်ကြောင်း အိုနားနားက ပြောသွားပါတယ်။
ကင်မရွန်းအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဂီနီနဲ့ သရေကျခဲ့ပြီး ဆီနီဂေါ၊ ဂမ်ဘီယာ အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Photo-Reuters